Chapter-125 ဝက်အူဝယ်ခြင်း(၃)
ကျောင်းရှုလန်က သူတပါးကျေးဇူးကြွေး တင်နေသည်ကို မကြိုက်သည်မှာ ထင်ရှားလှသည်။
နှစ်ယောက်သား အစားအစာဆိုင်မှ ထွက်လာပြီး ကျောင်းရှုလန်က ထိုကဲ့သို့ အနံ့ရှိသော ဝက်အူကို အမှန်တကယ်ဝယ်သည်ကို တွေ့လိုက်ရသဖြင့် ကျန်းချန်းသည် အနည်းငယ် သိချင်သွားပြီး “ရဲဘော် ရှုလန် ဒီဝက်အူက အနံ့ပြင်းတာကို ဘာလို့ဝယ်တာလဲ
ကိုယ်ဝယ်ထားတဲ့ ဝက်ခြေထောက်တစ်စုံ ယူသွားမလား မနက်ဖြန်မှ အဒေါ် နဲ့ဆရာ့အတွက် အမဲသားဝယ်ပို့ပေးလိုက်မယ် “
ကျောင်းရှုလန်က ပြုံးပြီး ကျန်းချန်း ရဲ့ကြင်နာမှုကို ငြင်းဆိုလိုက်ကာ ကျန်းချန်းကို ရှင်းပြသည် “ဝက်အူနံ့ကို မေ့ထားလိုက် အနံက ကောင်းကောင်းကိုင်တတ်ရင် ပျောက်သွားရော ချက်ပြုတ်နည်းမှန်ရင် ဝက်သားထက်တောင် ပိုအရသာရှိတာ “
ကျောင်းရှုလန် ပြောတာကိုကြားတော့ ကျန်းချန်းက အရမ်းသိချင်နေပြီး “ရဲဘော် ရှုလန် ဝက်အူက ဝက်သားထက် ပိုအရသာရှိတာ ဖြစ်နိုင်ပါ့မလား”
“ဟုတ်တယ် ကျွန်မချက်တတ်တယ်”
ကျန်းချန်းရဲ့ စိတ်ဝင်စားမှုကိုမြင်တော့ ကျောင်းရှုလန်က “ဦးလေးချန်း နဲ့ အဒေါ်အိမ်ကို ဘာလို့ အရင်မသွားတာလဲ ဒီနေ့ ဝက်အူလေးကီလိုဂရမ် ဝယ်လိုက်တာ
များသွားတယ် အိမ်ကလူတွေက အဲလောက် မစားနိုင်လောက်ဘူး အန်တီနဲ့ဦးလေးဆီသွားကြမယ်လေ နှစ်ခုလောက် ချက်လိုက်မယ် အရသာဘယ်လိုနေလဲ ရှင်ပြောပြပေါ့”မည်သို့ပင်ဆိုစေကာမူ ထိုဝက်အူလေးကီလိုကို ကျန်းချန်းက အမြင်အရ ဝယ်ယူခဲ့သည်။ မဟုတ်ပါက အချိန်အတော်ကြာအောင် တန်းစီစောင့်ဆိုင်းနေခဲ့ရပြီး ပစ္စည်းအများစုမှာ သူမအလှည့်ရောက်သည့်အချိန်တွင် ရောင်းကုန်သွားမည်ဖြစ်သည်။
ဝက်အူတွေက အနံ့ပြင်းပြီး လူတော်တော်များများက မကြိုက်ကြပေမယ့် အခုတော့ အသားလက်မှတ်ပေးစရာ မလိုဘဲ နှစ်ဆင့်နဲ့ ဝယ်လို့ရသဖြင့် တချို့လူတွေက ဝယ်ချင်ကြပေသည်။

VOCÊ ESTÁ LENDO
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Diversosလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000