Chapter 60 ကြက်ဥများကို စားခြင်း ၁
လီကျွမ့် သည် သူမ ညနေစာ စားခွင့်မရကြောင်း ကြားသိလိုက်ရသောအခါ ကြက်သေသေသွားသည်။
သူမသည် နေ့လည်စာလည်း မစားခဲ့ပါ။ ထိုခရိုင်ရုံးသို့ သွားလာရပြီးတဲ့နောက် သူမသည် အတော် ဗိုက်ဆာခဲ့သည်။
သူမသည် ညစာ မစားရလျှင် အဆာလွန်ပြီး သေကောင်းသေနိုင်သည်။
“ဦးလေးကျောင်း သမီး မှားမှန်းသိပါပြီ။ နောက်မလုပ်ရဲတော့ပါဘူး။ သမီးကို ညနေစာ စားခွင့်ပေးပါ။ ဗြဲ...”
ဝေကောင်း သည် လီကျွမ့် သနားစဖွယ် ငိုနေသည်ကို မြင်ခဲ့တာတောင်မှ အပြစ်ပေးရန်အတွက် စိတ်ခိုင်မာနေသည်။
ယုမိန် သည် ဘေးမှ စိတ်သောကရောက်စွာဖြင့် သူမ၏သမီး အပြစ်ပေးခံရသည်ကို မကြည့်ရက်သောကြောင့် သူမသည် “ ဝေကောင်း သူမ သူမ အမှားကို သိပြီပဲ။ ဒီကိစ္စကို မေ့လိုက်ရအောင်။ ဟုတ်ပြီလား။ အဘယ်သို့ သူမ အစားမစားရရင် သူမ ဗိုက်အရမ်းဆာပြီးတော့ ဒုက္ခထပ်ရောက်လိမ့်မယ်။ ငါ သူမရဲ့ ခန္ဓာကိုယ် မခံနိုင်ကိုပဲ စိုးရိမ်မိတယ်။” ဟု အသနားခံ ပြောဆိုခဲ့သည်။
ဝေကောင်း သည် အေးစက်စွာ သရော်ခဲ့သည်။ “ဒီကလေးမလေးကို မင်း အပြစ်မပေးဘူးဆိုရင် သူမ မှတ်မိမှာမဟုတ်ဘူး။ ငါ မင်းမျက်နှာထောက်ပြီး သူ့ကို အစားပဲ မစားခိုင်းတာ။ အကယ်လို့ သူမသာ ငါ့သမီးအရင်းဆို ငါရိုက်မိတာ ကြာပြီ။
အမေ တစ်ယောက်အနေနဲ့ မင်းကလေးကို မင်း အရမ်း အလိုလိုက်မထားသင့်ဘူး။ ဒါက မင်းကောင်းကောင်း မသွန်သင်ထားလို့ သူမက ခိုးတာတို့ ဓါးပြတိုက်တာတို့ လုပ်တတ်နေတာ။”
ဝေကောင်း က ပထွေးတစ်ယောက်ပါပဲ။ ပြီးတော့ သူ ဒေါသထွက်နေတဲ့အချိန် လီကျွမ့် ကို တစ်ခုခု သိပ်မလုပ်ပါဘူး။ ဒါပေမဲ့ အခြားသူတွေအနေနဲ့တော့ သူက သူ့ရဲ့ မယားပါသမီးကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်ပေါ့။
သူမကို အစားတစ်လုပ်မကျွေးတာက သူမ လုပ်ခဲ့တဲ့ အပြစ်နဲ့ယှဥ်ရင် ဘာမှ မဟုတ်ပါဘူး။
ယုမိန်က ခါးသီးစွာနဲ့ ပါးစပ်ပိတ်နေခဲ့တယ်။
သူမက လီကျွမ့် ကို ကူပြီး အသနားခံပေးရင် ပိုဆိုးပြီး ဝေကောင်း ပိုပြီး စိတ်ဆိုးစေမယ်ဆိုတာ သူမရဲ့ စိတ်ထဲမှာ ကောင်းကောင်း သိနေခဲ့သည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000