Chpater 92

133 13 1
                                    

အလျင်အမြန်ပဲ ရိုက်ကွင်းမှဗီဒီယိုသည်အင်တာနက်ပေါ်သို့ရောက်သွားခဲ့သည်။

ဗီဒီယိုထဲတွင် အရာရာတိုင်းသည် အစပိုင်းတွင် အဆင်ပြေပြေဖြစ်နေသည်။

သို့သော် ဖန်းမိုအာမြင်းပေါ်တတ်လိုက်သည်နှင့် မြင်းသည် ရုတ်တရက်ရူးသွပ်စွာစပြေးတော့သည်။

တစ်ယောက်ယောက်သည် မြင်းကိုသေနတ်နှင့်ပစ်လိုက်မှသာ မြင်းသည်ရပ်သွားကာ ဖန်းမိုအာသည်လည်း မြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။

သို့သော် တချိန်တည်းမှာပဲ တခြားကင်မရာသည် ပိုင်ရုန်မြင်းပေါ်မှပြုတ်ကျသည့်အခန်းကို ရိုက်ကူးထားခဲ့သည်။

ပိုင်ရုန်၏မြင်းသည် ထိတ်လန့်သွားတာကြောင့်စပြေးတော့သည်။ ပိုင်ရုန်သည် ဇာတ်ကြိုးကို မကိုင်နိုင်တော့ပဲ ပြုတ်ကျသွားခဲ့သည်။

ရိုက်ကွင်းသည် ရုတ်ချည်းဆိုသလို အဆုံးသတ်လိုက်ရသည်။

ဝန်ထမ်းများ၏အဆိုအရ တစ်ယောက်ယောက်သည် ဖန်းမိုအာရဲ့ မြင်းတွင် ငွေအပ်ကို တမင်တကာ ထားထားသည်ဟုပြောသည်။

ထိုကြောင့်ပင် မြင်းသည် ရူသွပ်သွားခြင်းဖြစ်သည်။

ထိုဗီဒီယိုသည် အင်တာနက်ပေါ်တွင် အာရုံဆွဲဆောင်နိုင်ဆုံးဖြစ်နေခဲ့သည်။

ပြည်သူများသည် ဖန်းမိုအာကိုပစ်မှတ်ထားနေသည့်သူကို ခန့်မှန်းနေကြသည်။

ချက်ချင်းပင် ဖန်းမိုအာသည် တရားခံမှ ခံရသူဖြစ်သွားခဲ့သည်။

ဆေးရုံထဲတွင်

ရှီမိုသည် ဖန်းမိုအာနှင့်အတူထွက်လာခဲ့သည်။

ရဲများ၏စစ်ဆေးမှုကြောင့် ရိုက်ကူးရေးအဖွဲ့သည် နောက်ရက်အနည်းငယ်အထိ ဆိုင်းငံ့ထားရလိမ့်မည်ဖြစ်သည်။

"တရားခံကိုအခုထိရှာမတွေ့သေးဘူး။ ဒါကြောင့်မလို့ မင်းဟိုတယ်မှာဆက်ပြီးနေတာ မလုံခြုံဘူး။" ရှီမိုသည် ဖန်းမိုအာကို အဝတ်ထုပ်ပြင်ရန်ပြောခဲ့သည်။

"ဒါဆို ကျွန်မတို့ဘယ်သွားမှာလဲ?"

"ရှန့်ဟိုင်းမှာ ကိုယ့်ပိုင်တဲ့အိမ်ရှိတယ်။ ကိုယ်တို့အဲ့မှာ အချိန်တစ်ခုလောကမ်နေရလိမ့်မယ်"

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now