56 17 4
(Unicode)
Chapter (46.2)–ငါဖြတ်ထိုးဉာဏ်ကောင်းတယ်မလား
သရဲခြောက်သောအိမ်များမှာ ငှားရမ်းဖို့ရော ရောင်းချဖို့ပါ မလွယ်ကူပေ။ ဒီတော့ သူတို့ဟာ တခြားမှလာသည့် ကျောင်းသားများကို လှည့်စားပြီး ထပ်ကာထပ်ကာ ဈေးလျှော့၍ ငှားတတ်ကြသည်။
မူလကိုယ်အတွက် ဒီအိမ်ကိုငှားပေးခဲ့သည့် အတွင်းရေးမှူးအနေဖြင့် ဒီအိမ်ရဲ့ကောလဟလတွေအကြောင်း မသိဘူးဆိုတာ မဖြစ်နိုင်ပေ။
ဒါဟာ မူလကိုယ်၏မိထွေးနှင့် ညီလေးတို့၏ အကြံအစည်တစ်ခုပင်။ သူတို့သည် မူလကိုယ်ကို ပေါ်တင်ကန်မထုတ်ခဲ့ပေမဲ့ တစ်ယောက်တည်း အထီးကျန်အောင် ပစ်ထားခဲ့ကြသည်။
ထို့အပြင် မူလကိုယ်ကို အရေးမလုပ်သော ဖခင်ဖြစ်သူကလည်း ဒီနေရာကို ဘယ်တုန်းကမှ လာမလည်ခဲ့သလို သူနေသောနေရာအကြောင်း မေးတာမျိုးလည်း မရှိခဲ့ပေ။
— အာ......
ချင်းလောင်သည် အိမ်ထဲ၀င်လာပြီးနောက် အခန်းသေးသေးလေးထဲ ပြည့်နေသည့် မည်းမှောင်သောလေထုကြောင့် သက်ပြင်းချလိုက်သည်။
— ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲ။
ချင်းလောင်သည် သူ့ဖိနပ်တွေကိုလဲစီးကာ heater ကို ဖွင့်လိုက်သည်။ ထို့နောက် အခန်းထဲက တဖျတ်ဖျတ်ဖြစ်နေသည့် မီးရောင်ကို အမူအရာမပြောင်းဘဲ ကြည့်ကာ နှာမှုတ်လိုက်သည်။
"ထွက်သွားစမ်း.... မဟုတ်ရင် ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
နေ့တိုင်း အိမ်ပြန်ရောက်တာနှင့် အိပ်ခန်းထဲကို ပြေးဝင်လာတတ်သည့်... တုန်လှုပ်ခြောက်ခြားနေတတ်သည့် ကောင်လေးက အခုတော့ ရုတ်တရက် တင်းမာလာသည်။
ကောင်လေး၏မျက်နှာသည် ဖြူဖျော့နေပြီး သူ့အသွင်အပြင်က ပိန်ပါးနေတာမို့ ဒီလိုအပြောမျိုးဖြင့် ဟန်ဆောင်လိမ်ညာနေရပုံပေါ်သည်။
ထိုအကြောင်းတွေးနေစဉ်မှာပင် ပုံရိပ်တစ်ခု ခပ်မှိန်မှိန်မီးရောင်အောက်မှာ ပေါ်လာသည်။
သူမသည် အဖြူရောင်၀တ်ထားပြီး ဆံပင်ရှည်များရှိတာကြောင့် သူမ၏ သေဆုံးပြီးသားမျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရန်ခက်လှသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationTahanan ng mga kuwento. Tumuklas ngayon