(46.1)ကြပ်စပ် host ရဲ့ ကြက်စပ် system /ကြပ်စပ် host ရဲ့ ကြက်စပ် system

377 55 9
                                    

(Unicode)

Chapter (46.1)–ကြပ်စပ် host ရဲ့ ကြက်စပ် system

အနုပညာဌာန အဆောက်အဦ၏ လေးလွှာရှိ ရေချိုးခန်းထဲ၌ ချင်းလောင်သည် သူ့လက်ကို ဆပ်ပြာဖြင့် ဂရုတစိုက်ဆေးကြောနေသည်။

သို့သော် သူ့လက်ထဲမှ ချွဲကျိကာ အမြှုပ်ထနေသည့် ဆပ်ပြာတစ်ချို့က မီးခိုးရောင်ရင့်ရင့်တွေဖြစ်လာသည်။

ချင်းလောင်မျက်မှောင်ကြုပ်ကာ သူ့လက်တွေကို ရေကျနေသည့် ဘုံပိုင်ခေါင်းအောက်သို့ ထည့်လိုက်သည်။

အေးစက်သော လေတစ်သုတ်က သူ့ကိုယ်ကို ဖြတ်တိုက်သွားရာ ချင်းလောင်ခဏလောက် တောင့်တင်းသွားသည်။

အဲဒီ့‌နောက် ရေဘုံပိုင်ရဲ့ခလုတ်ကိုပိတ်ကာ အိတ်ထဲကတစ်ရှူးကို လက်နှစ်ချောင်းတည်းဖြင့် ညှပ်ယူပြီး လက်တွေခြောက်အောင်သုတ်လိုက်သည်။

တစ်ရှူးတွေစိုသွားပြီးနောက် အမူအရာမပြောင်းဘဲ သူ့ခြေထောက်ဘေးက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး မနှေးမမြန်ခြေလှမ်းများဖြင့် လှေကားဆီလျှောက်လာခဲ့သည်။

'ရှပ်... ရှပ်.. ရှပ်...'

တူညီသော အကွာအဝေးနှင့် တူညီသောကြိမ်နှုန်းက သူ့ကိုအတုခိုးနေသည့်နှယ်။ ချင်းလောင် ခြေလှမ်းကိုနှေးချလိုက်တော့ ကော်ရစ်ဒါတစ်လျှောက် ပဲ့တင်ထပ်နေသည့် တရှပ်ရှပ်အသံကလည်း နှေးသွားသည်။

ချင်းလောင်သည် ဘာမှသတိမထားမိသလိုမျိုး ခေါင်းငုံ့ကာဖုန်းကိုထုတ်ပြီး နားကြပ်တပ်ကာ ကြုံရာသီချင်းတစ်ပုဒ်ကို နားထောင်လိုက်သည်။

သူ့မျက်နှာက အမူအရာကင်းမဲ့နေသော်ငြား နှလုံးသားထဲကနေတော့ ပေါက်ကွဲထွက်လောက်အောင် မြူးကြွသည့် ဒီသီချင်းကြောင့် လိုက်မဆိုဘဲတော့ မနေနိုင်တော့ပေ။

"System ရေ system လေးရေ... '*Genghis Khan' က လုံး၀ကို ဦးနှောက်ဆေးခံထားရတာပဲ ဟားဟားဟား"

*ချင်းလောင် ရယ်မောသည်။

(Genghis Khan- Chéng Jí Sī Hán (成吉思汗)- မွန်ဂိုအင်ပါယာရဲ့တည်ထောင်သူ)

(*အာရုံလွှဲတဲ့အနေနဲ့ သူစကား‌တွေ လျှောက်ပြောနေတာ 😂)

system က ခဏလောက်တွေးပြီးနောက် သတိမပေးဘဲ မနေနိုင်ပေ။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora