(Unicode)
Chapter (47.2)–သေတွင်းတူးချင်တယ်ပေါ့...သွားကြလေ
နောက်တစ်နေ့နံနက်မှာတော့....
ရာသီဥတုက သာယာနေသည်။ Y မြို့၏ ရာသီဥတုက တစ်ပတ်လောက် တိမ်ထူနေခဲ့ရာ နောက်ဆုံးတော့ ဆောင်းနေရောင်ခြည် နွေးနွေးကလေး လွှမ်းခြုံနိုင်ခဲ့လေပြီ။
ညတုန်းက ဘာထူးဆန်းတာမှ မဖြစ်သလို ဘယ်လိုဆူညံသံမှလည်း မကြားရတာကြောင့် ချင်းလောင်တစ်ယောက် ကောင်းစွာအိပ်ပျော်ခဲ့သည်။
သူအိပ်ရာထပြီးနောက် ရေချိုးကာ မှန်ရှေ့၌ သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ လွန်ခဲ့သောညက ခြံ၀င်းထဲမှာ ဖြစ်ပျက်ခဲ့သောကိစ္စပြီးနောက် ချင်းလောင်တစ်ယောက် ရေချိုးကာ အိပ်စက်ခဲ့ပြီး သူ့ကိုယ်သူဘယ်လိုသွင်ပြင်ရှိလဲဆိုတာ မကြည့်ရသေးပေ။
အရှေ့ဘက်ရှိ ဖြာကျနေသည့်ဆံပင်တွေက အနည်းငယ်ရှည်ကာ နဖူးတင်မက မျက်စိကိုပင် အနည်းငယ်ဖုံးကွယ်နေပေပြီ။
သူဆံပင်တွေကို လှန်တင်ကာ မျက်နှာကို သေသေချာချာကြည့်လိုက်သည်။
ဒီဇာတ်ကောင်၏မျက်နှာသည် ကလေးဆန်သော မျက်နှာလေးဖြစ်ပြီး ပြုံးလိုက်ပါက သစ်တော်သီးလို ပါးချိုင့်လေးနှစ်ခု ပေါ်လာတတ်သည်။
ကြီးမားရွှန်းလဲ့သော မျက်၀န်းမှာလည်း မျက်ရစ်နှစ်ထပ်ရှိပြီး ချစ်စရာကောင်းသော ကောင်ငယ်လေးဖြစ်သော်လည်း သူ့အသားအရည်က ဖြူဖျော့နေပြီး အနည်းငယ်မှုန်မှိုင်းနေကာ အာဟာရချို့တဲ့နေပုံရသည်။
သို့တိုင် ချင်းလောင်၏ C-level အလှပဂေးဆေးရည်ကတော့ အကျိုးသက်ရောက်မှုရှိနေဆဲပင်။
သူခေါင်းငုံ့ကာ ဆံပင်ရှည်များကို နဖူးပေါ်ပြန်ကျစေပြီး မူလကိုယ်၏ ပုံစံအတိုင်း ချိန်ညှိလိုက်သည်။
ထိုအခါ မူလကိုယ်၏ မှုန်မှိုင်းကာ အသက်မဲ့သော အသွင်အပြင်အတိုင်း တိတ်ဆိတ်ကာ ရှက်ကြောက်ခြင်းဆီ ကူးပြောင်းလာခဲ့သည်။
သူ့တစ်ကိုယ်လုံးရဲ့အသွင်အပြင်ကိုခြုံငုံကြည့်မည်ဆိုပါက အေးဆေးကာ နူးညံ့ပုံပေါ်သည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...