80 24 5
(Unicode)
Chapter (47.1)–ခြံ၀င်းလေးထဲက ညောင်မုတ်ဆိတ်ပင်မိစ္ဆာ
တစ်ကယ်တော့ ချင်းလောင်အဆိုပြုသည့် စရိုက်ကွဲသည့်ရောဂါက ဟန်ဆောင်ဖို့သက်သက်သာ မဟုတ်ပေ။
ဒီကမ္ဘာရဲ့ ဗီလိန်ဖြစ်သည့် သရဲကလည်း ဘယ်ကနေပေါ်လာမည်ဆိုတာ သူမသိတာကြောင့်လည်းပါသည်။
မူလဇာတ်ကြောင်းအရ လုယွမ်သည် သူမသေဆုံးမီ ထီးနန်းကိုသိမ်းပိုက်ရန် ခက်ခဲနက်နဲသော နန်းတော်တွင်းက အရှုပ်အထွေးများနှင့် တွေ့ကြုံခဲ့ရသည်။
သူသည် ငယ်စဉ်ကတည်းက ဆိုးယုတ်သော အကြံအစည်တွေကြား နေထိုင်ခဲ့ရသည်။ သစ္စာဖောက်ခံရသည်။ ရောင်းစားတာလည်း ခံခဲ့ရသည့်အတွက် ‌နောက်ပိုင်းမှာ ပုန်ကန်လေတော့သည်။
သူဟာ သူ့အစ်ကိုနှင့် သူ့အဖေကိုသတ်ခဲ့သည်။ ထီးနန်းအရိုက်အရာကိုယူပြီးနောက် မိသားစုကြီး ကိုးခုကိုပင် ကွပ်မျက်ခဲ့ရာ နန်းတက်ပြီး ရက်အနည်းငယ်အကြာမှာပဲ သွေးများသည် မြစ်များအတွင်းသို့ပင် စီး၀င်ခဲ့လေသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအကြာက သူ့ရဲ့ပြည်သူတွေဆီမှ ပြစ်တင်ရှုံ့ချပြီး ဖယ်ကျဥ်ခံရ‌သော... လုံး၀အမှောင်ထုထဲကျရောက်နေသော ဗီလိန်ဇာတ်ကောင်သည် သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် မိထွေးနှင့် ညီငယ်တို့ကိုပင် မခုခံဝံ့သည့် ငကြောက်လေးကို အမှန်တကယ်ပင် နှစ်သက်ခဲ့ပါသလား။
မဟုတ်ဘူးဆိုတာ သေချာတာပေါ့။ မူလဇာတ်ကြောင်းထဲမှာ သူနဲ့အတူတူ အိပ်ချင်နေတာမျိုးသာ ဖြစ်နိုင်ပါသည်။
သို့သော် ကူးပြောင်းလေ့ရှိသည့် စရိုက်နှစ်ခုနှင့်ဆိုပါက သရဲဘော့စ်ကို သူ့အပေါ် စိတ်၀င်စားလာစေလိမ့်မည်။
သူ့ရဲ့ ရိုးသားမှုကို ပေးနိုင်မလား ဆိုတာကတော့ အရာအားလုံးကို ချင်းလောင်က အရင်ဆုံးဖြတ်မှာဖြစ်သည်။ မဟုတ်လို့ကတော့ ဒီကမ္ဘာကို လက်လွှတ်လိုက်ရမည်ဆိုလျှင်ပင် သူစိတ်ထဲထားမည်မဟုတ်ပေ။
ချင်းလောင်သည် မူလကိုယ်၏အဘိုးက သူ့ကိုပေးထားသည့် မှော်ကိရိယာအားလုံးကို ဖုန်သုတ်လိုက်သည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ