အခန်း (၅၅.၂)
5.4K 1.3K 68
အခန်း (၅၅.၂) – ကော်ဇောနီပေါ် အတူလျှောက်လှမ်းခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြော်ညာတဲ့နည်းဗျူဟာတွေ၏ ပုံမှန်လည်ပတ်ပုံက အလင်းမဲ့တိမ်တိုက်များရိုက်ကူးရေးအဖွဲ့က သေသေချာချာလေး အစီအစဉ်ချထားတာဖြစ်သည်။ အခုတော့ အင်တာနက်အသုံးပြုသူတွေကလည်း ထိုsunspotတွေ၏ မကောင်းတဲ့ကွန်မန့်တွေကို အာရုံမထားတော့ပေ။ ထိုအစား သူတို့အတွက် ပိုပီးအရေးကြီးသည့်ကိစ္စကပေါ်လာပီလေ : အလင်းမဲ့တိမ်တိုက်များကို သွားကြည့်မှာလား မကြည့်ဘူးလားဆိုတာမဟုတ်ပါပဲ ထိုအစား အလင်းမဲ့တိမ်တိုက်များအတွက် ကြိုတင်ရောင်းချထားသည့်လက်မှတ်တွေအကုန်လုံး ကုန်သွားပီလေ!
မောက်ယန်မှာလဲ မရှိတော့ဘူး ဂွာဗယ်ရာမှာလဲ မရှိတော့ဘူး အရသာပြည့်စုံတဲ့ထမင်းဆီမှာလဲမရှိတော့ဘူး!
{ဒီစာကြောင်းမှာပါတဲ့နာမည်တွေအားလုံးက ရုပ်ရှင်လက်မှတ်ရောင်းချတဲ့နေရာတွေပါ}
[ငါဆို ရုပ်ရှင်ရုံတွေဆီကို ကိုယ်တိုင်ကိုယ်ကျသွားမေးကြည့်တာတောင်မှ လက်မှတ်တစ်စောင်မှ တကယ်ကိုမရှိတော့ဘူး! ဟုတ်တယ် ဒီအွန်လိုင်းလက်မှတ်ရောင်းတဲ့နေရာတွေမှာတောင် လက်မှတ်မရှိတော့ဘူး အပြင်မှာ လက်မှတ်ဝယ်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မကျေနပ်ဘူး! အလင်းမဲ့တိမ်တိုက်များရိုက်ကူးရေးအဖွဲ့ နင်တို့တကယ်မကောင်းဘူး သရုပ်ဆောင်တွေရဲ့စာရင်းကို ဘာလို့တစ်ခါတည်းမကြေညာရတာလဲ ငါအစကစီစဉ်ထားတာက ရှေ့ရက်ပိုင်းတွေပီးသွားမှ သွားကြည့်မလို့လုပ်ထားတာ အခုတော့ ငါ့ရဲ့ရုံရုံလေးနဲ့ နတ်ဘုရားချင်းကို စင်တစ်ခုတည်းပေါ်မှာ မြင်ချင်တာကို!! ငါ့နံရံကြီးနဲ့နံရံလေးက ပိတ်ကားတစ်ခုတည်းပေါ်မှာ ပေါ်လာတော့မှာလေ!]
အင်တာနက်ပြည်သူတွေအားလုံး၏မျက်လုံးက ရုပ်ရှင်၏တရားဝင်အကောင့်မှာသာရှိနေပီး ရိုက်ကူးရေးအဖွဲ့ဖက်ကနေ သင့်တော်တဲ့ဖြေရှင်းချက်ပေးလာမှာကိုသာ မေးနေကြသည်။ ရိုက်ကွင်းအဖွဲ့၏တရားဝင်အကောင့်ကို ထိန်းချုပ်ပေးရသည့်ဝန်ထမ်းကတော့ ဒီမြင်ကွင်းကို ပျော်ပျော်ကြီးကြည့်နေပီး အလင်းမဲ့တိမ်တိုက်များက လူတွေကြားပိုပိုပီးနာမည်ကြီးလာတာကို ကြည့်နေရင်း သူ့ဘေးကလုပ်ဖော်ကိုင်ဖက်ကို မပြောပဲမနေနိုင်တာကြောင့် ပြောလိုက်တာက : "ငါထင်တာကတော့ နောက်တစ်ခေါက် ငါတို့ရုပ်ရှင်ရိုက်တဲ့အခါ ဒါရိုက်လျောင်ဆီကနေ နာမည်ကြီးအောင်ငှားလို့ရမယ့်နာမည်ကြီးတစ်ယေယာက်ထပ်ပေးလာရင် ကောင်းမယ်"