အခန်း (၈၄.၁)
3.8K 890 7
အခန်း (၈၄.၁) – ဖေးထျန်ဆုပေးပွဲ
~~~~~~~~~~~~~~~~~~~~~~
ဝင်္ကဘာမြို့တော်ကိုရိုက်ကူးနေသည်မှာ အခုဆိုရင်တော့ တစ်လတာကြာသွားပီဖြစ်ကာ အတွင်းစတူဒီယိုရိုက်ကွင်းတွေ အားလုံးကို ရိုက်ကူးပြီးသွားပြီ​လေ။
ဒီတစ်ခေါက်Peonyဆုပေးပွဲကနေ ရုံရှီပြန်လာသည်အခါမှာတော့ ရိုက်ကူးရေးအပြင်အဆင်အဖွဲ့ကနေပြီး အတွင်းရိုက်ကွင်းအတွက် အသုံးပြုထားသည့် ရိုက်ကွင်းအပြင်အဆင်တွေကို စတင်၍စနစ်တကျဖျက်သိမ်းနေပြီဖြစ်သည်။ နောက်တစ်ရက် သူတို့တွေ ရှန်းရှန်ရုပ်ရှင်မြို့တော်ကနေ ထွက်ခွာပြီး ဟန်းသန်းသို့ဦးတည်ကာ အပြင်ရိုက်ကွင်းတွေကို ဆက်လက်ရိုက်ကူးမှာဖြစ်သည်။
ရုံရှီ ရိုက်ကူးရေးအဖွဲ့သို့ပြန်ရောက်သည့်အချိန်၌ နေ့လည်တောင်ရောက်သွားပြီဖြစ်သည်။ လူငယ်သရုပ်ဆောင်အသစ်တစ်ယောက်က မနေ့တုန်းက ရိုက်ကူးရေးအဖွဲ့ထဲရောက်လာပြီး ရွှယ့်ကျားကျယ်ကလေးဘဝနေရာမှာ သရုပ်ဆောင်မှာဖြစ်သည်။ ဒီကလေးလေးက ဒီနှစ်ပိုင်းအတွင်း အရမ်းကိုနာမည်ကျော်ကြားသည့်ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူသည် ကျောက်စိမ်းလို ရှင်းသန့်တောက်ပပြီး ၁၀မှတ်အပြည့်ကို ချစ်စရာကောင်းသည်။ ဒီနှစ်မှာမှ သူက ၅နှစ်ပဲရှိသေးပြီး တစ်ခြားကောင်လေးတွေလိုမျိုး ကြမ်းကြမ်းတမ်းတမ်းလည်းမရှိ အကင်းမပါးတာမျိုးလည်းမရှိပေမယ့် သူက ကောင်မလေးလိုမျိုး အရမ်းကိုတိတ်ဆိတ်သည်။
ရုံရှီပြန်ရောက်လာတာကိုမြင်တော့ ဒါရိုက်တာယွမ်သည် ရယ်မောလိုက်၍  ကလေးလေးနှင့် သူ့အားမိတ်ဆက်ပေးသည်။ : "နောက်ပိုင်း လဲ့လဲ့ရိုက်ကူးတဲ့အခါ သူ့ကို မင်းနည်းနည်းပါးပါးသင်ကြားပေးဦးနော် ရုံရှီ? ရိုက်ကွင်းကိုဆုနဲ့အတူပြန်လာတယ်ဆိုတော့ ကလေးလေးအတွက် စံပြကောင်းတစ်ယောက်ဖြစ်ပြရမှာပေါ့ ဒါက မင်း(ရွှယ့်ကျားကျယ်) ကလေးဘဝကပုံစံပဲ လဲ့လဲ့ ဇာတ်ညွှန်းကိုနားလည်အောင် မင်းလမ်းညွှန်ပေးသင့်တယ်"
ရုံရှီသည် ပြုံးကာ ခေါင်းညိမ့်လိုက်ပီး : "ကောင်းပြီ"
နောက်တော့ ရုံရှီသည် ခေါင်းကိုပြန်ငုံ့လိုက်ကာ ဒါရိုက်တာဘေးနားမှာ ကပ်နေသည့် နူးနူးညံ့ညံ့ဖက်ထုပ်လေးကိုမြင်လိုက်ရသည်။ သူ့ခေါင်းလေးကိုစောင်းပြီး ကြီးမားဝိုင်းစက်သည့်မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ သူ့အား အလေးအနက်စိုက်ကြည့်နေသည်။