အခန်း (၆၂.၁)
5.1K 1.1K 5
Thanks for the coffee! ကော်ဖီတိုက်တဲ့ reader ကို ကျေးဇူးတင်ပါတယ်
////////////////////////////////
အခန်း (၆၂.၁) – Endorsements နှင့် ဇာတ်ကားအသစ်
...........................................................
ဒီပို့စ်ကို ကျောင်းခွန်းတင်လိုက်ပီးသည်နှင့် အလင်းမဲ့တိမ်တိုက်များရိုက်ကူးရေးအဖွဲ့ကလည်း ချက်ချင်းပြန်တင်သည်။
မရေတွက်နိုင်သည့်ဂီတဖန်တွေနှင့် အလင်းမဲ့တိမ်တိုက်များကို ကြည့်ရှုသူပရိသတ်တွေအားလုံးက ဒီပို့စ်ကို မြင်လိုက်သည်နှင့် ချက်ချင်းနားလည်သွားကြသည်။
'ပျောက်ဆုံးသွားသောတောင်ပံများ'အတွက် ရုံရှီက ကျောင်းခွန်းနှင့် ပူးပေါင်းတော့မည်!
"တမ်းတခြင်းဆိုတဲ့သီချင်းတစ်ပုဒ်ရှိတယ်" "အတောင်ပံပျောက်ဆုံးသွားတဲ့ လိပ်ပြာလေးတစ်ကောင်" ဒီစာသားတွေအားလုံးက 'ပျောက်ဆုံးသွားသောတောင်ပံများ'ထဲကလေ! အလင်းမဲ့တိမ်တိုက်များ ရုံတင်နေသည့်၅ရက်အတွင်း ရုပ်ရှင်ရုံတော်တော်များများမှာ တူညီသည့်ဖြစ်ရပ်တွေ ထွက်ပေါ်လာသည်: များစွာသောကြည့်ရှုသူများက ဇာတ်ကားအပိတ် ပါဝင်သူများစာရင်းကို ပြသနေသည့်တိုင်အောင် ရုပ်ရှင်ရုံထဲက ထွက်သွားခြင်းမျိုးမရှိပဲ ကိုယ့်ထိုင်ခုံမှာပဲ တိတ်ဆိတ်စွာထိုင်နေပီး "ပျောက်ဆုံးသွားသောတောင်ပံများ"ကို နားထောင်နေကြသည်။
"ပျောက်ဆုံးသွားသောတောင်ပံများ"က ဇာတ်ကားအဆုံးပိုင်းမှသာ ဖွင့်ပြတာဖြစ်ပီး ကင်မရာမြင်ကွင်းကလည်း လင်းရှောင်းအုတ်ဂူကနေပီး တဖြည်းဖြည်းတိမ်မဲတွေအုံ့ဆိုင်းနေသည့် ကောင်းကင်ကြီးသို့ ဦးတည်သွားသည်။
ဒီသီချင်းကို ဖွင့်သည့်ချိန် ဇာတ်လမ်းပိတ်ကားထက်တွင် မရေတွက်နိုင်သည့်အမှတ်တရမှတ်ဉာဏ်တွေက တစ်ခုပီးတစ်ခုပြန်လည်ပေါ်ထွက်လာသည်။ တစ်ခါက လင်းရှောင်းတစ်ယောက် မြေအောက်ရထားဂိတ်ပေါက်ဝတွင် သီချင်းဆိုနေတဲ့မြင်ကွင်း၊ လင်းရှောင်းတစ်ယောက် အနုပညာလောကထဲဝင်ရောက်လာပီး ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့မြင်ကွင်း၊ လင်းရှောင်းနှင့်ကုမင်ရှိုးတို့နှစ်ယောက်အတူ အောင်မြင်မှုတွေကို ဆွတ်ခူးတဲ့မြင်ကွင်း၊ လင်းရှောင်းတစ်ယောက် နေမကောင်းဖြစ်ပီးနောက်တော့ တိတ်ဆိတ်စွာပဲ ကွယ်လွန်သွားသည့်မြင်ကွင်း စသည့်မြင်ကွင်းတွေပြန်ပေါ်လာသည်။ ဒီမြင်ကွင်းတွေပီးသွားသည့်နောက်မှာတော့ ကောင်းကင်ထက်က အနက်ရောင်တိမ်တိုက်များက ပြန့်ကျဲသွားပီး မြေပြင်ပေါ်သို့ နေရောင်ကဖြာကျလာကာ ဇာတ်ကားကလည်း တဖြည်းဖြည်းအမဲရောင်ဖက်သို့ မှောင်သွားတော့သည်။ ဒါပေမယ့် ဒီနေရာအရောက်မှာပဲ "ပျောက်ဆုံးသွားသောတောင်ပံများ"၏ ပထမပိုင်းကို စတင်ဖွင့်ပြတာဖြစ်သည်!