အခန်း (၉၄.၃)

3.5K 696 38
                                    

အခန်း (၉၄.၁) – ကြောင်ကတိုးတစ်ကောင်အတွက် မင်းသားတစ်ပါးနှင့်လဲလှယ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်လို့သာ ဒီလိုမျိုးသန်မာတောင့်တင်းပြီး ကြည့်ကောင်းချောမောသည့်အမျိုးသားတစ်ယောက်ကသာ သူမကိုရေထဲကနေ ရုတ်တရပ်လာကယ်တင်မည်ဆိုလျှင် သူမသည်လည်းပဲ သေချာပေါက်စိတ်လှုပ်ရှားရင်ခုန်မိသွားနိုင်လောက်သည်။ 

"အား နတ်ဘုရားချင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မှ ချောမောခန့်ညားနေနိုင်ရတာလဲ ပန်းထိုးသည် ထွက်လာမည့်ရက်ကို ငါတော့တကယ်ကြီးမျှော်နေမိပြီ အဲ့လိုသာဆိုရင် တစ်ကမ္ဘာလုံးက မြင်နိုင်သွားပြီ နတ်ဘုရားချင်းကတော့ တစ်နှစ်ပြီးတစ်နှစ်ကို ပိုပိုချောလာတော့တာပဲ! တတိယသခင်လေးအဖြစ်သရုပ်ဆောင်တာက သူ့အတွက် စံပြပုံရိပ်လို့ သတ်မှတ်လို့မရတော့ဘူး သူက ပိုပြီးချောလာရုံတင်မကဘူး သူ့သရုပ်ဆောင်စွမ်းရည်တွေကလည်း ပိုပိုပြီးတောင် ကောင်းမွန်လာသေးတယ်!" 

လက်ထောက်လေး၏စကားကိုကြားလိုက်မိတော့ ဟွမ်လဲ့သည်တုံ့သွားပြီး သူမခေါင်းကိုလှည့်ကာ လက်ထောက်လေးအား လှည့်ကြည့်လိုက်၍ နှုတ်ခမ်းတစ်ဖက်တွန့်ပြပြီး "အရင်တစ်ခေါက်က ရုံရှီနဲ့ဆက်ဆံရေးပြေပြစ်အောင်လုပ်ဖို့ ငါပြောထားတာ ဘယ်လိုဖြစ်သွားပြီလဲ?" 

လက်ထောက်လေးသည် ချက်ချင်းပဲ အရမ်းကိုလေးနက်သည့်အမူအရာသို့ ပြောင်းသွားကာ ပြန်ဖြေလိုက်သည်။ "ရုံရှီရဲ့လက်ထောက်လေးနဲ့တော့ ကျွန်မ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်" 

ဟွမ်လဲ့သည်ခေါင်းညိမ့်လိုက်သည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ပြီးမှ ရုတ်တရပ်အတွေးတစ်ခုရသွားသည်။ : "နင်က ချင်းချန်ကချောတယ်ဆိုပြီး အမြဲပြောနေတယ် ဒါပေမယ့် ရုံရှီကကော ဘယ်လိုနေလဲ?" 

လက်ထောက်လေးမှာ ကြောင်အသွားပြီး : "...... ရုံရှီ? ရုံရှီက ဒီနှစ်မှ ၁၈နှစ်ပဲရှိသေးတာလေ ဒါမှမဟုတ် ၁၉နှစ်လား? ကျွန်မက ကျွန်မထက်ငယ်တဲ့သူတွေကို စိတ်မဝင်စားဘူး ဒါပေမယ့် သူလည်းပဲ အရမ်းကြည့်ကောင်းပါတယ်" 

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now