အခန်း (၂၉)
7.9K 1.6K 99
အခန်း (၂၉) – "အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း" ပြပီ!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေတ်ရေစီကြောင်းအရရိုက်ကူးထားသည့်ဒရာမာစီးရီးတစ်ခုအနေဖြင့် "Ambush"က ဒီလိုမျိုးအဆုံးသတ်သွားလိမ့်မည်ဟု ဘယ်သူမှမထင်ထားပေ။
စစ်တပ်က ပင်းမြို့တစ်ခုလုံးကို သိမ်းလိုက်နိုင်ပီး စစ်ပွဲအကြွင်းအကျန်ဖြစ်သည့်အရင်းရှင်အစိုးရစနစ်ကတော့ ပြုတ်သွားသည်။ တစ်နိုင်ငံလုံး အောင်မြင်မှုတွေ တစ်ခုပီးတစ်ခုရလာပီးသည့်နောက်မှာတော့ လူတွေအားလုံး၏အရှေ့၌ အနာဂတ်အသစ်ကရောက်လာပီဖြစ်သည်။ ဇာတ်လိုက်Bai Mingdeကတော့ သူ့တာဝန်အတွက် နှစ်ပေါင်းများစွာ အရှက်တကွဲသည်းခံလာခဲ့ပီးသည့်နောက်မှာတော့ သူ့ပုံစံအမှန်ဆီပြန်သွားနိုင်ပီး သူယုံကြည့်ရသည့်အဖွဲ့အစည်းနှင့်လူတွေစီ ပြန်ရောက်သွားသည်။
ဒါပေမယ့် လျန်လင်းဟွေ့ကတော့ သူ့ကိုထားသွားပီဖြစ်သည်။
ဒါအပြင် သူကလွဲ၍ သူနှင့်သေအတူရှင်မကွာရဲဘော်ရဲဘက်တွေကလည်း ရန်သူနှင့်တိုက်ခိုက်ကြရင်း သေသူသေ ထွက်သွားတဲ့သူတွေက ထွက်သွားကုန်ကြသည်။
နောက်ဆုံးတော့ Bai Mingdeသည် တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ သူသည် အထက်ပိုင်းအရာရှိတစ်ယောက်ဖြစ်လာပေမယ့် သူ့ဘဝအေးချမ်းပီးသွားသည့်အချိန်မှာ သူ့နားဘာကျန်ခဲ့လို့လဲ? ကျန်ခဲ့တာကတော့ အမှောင်ထဲကရွယ်ထားသည့်ဓါးကိုကြောက်နေရသည့်အတွေးမှတ်ဉာဏ်တွေနှင့် တစ်သက်လုံးတစ်ယောက်တည်းကျန်နေခဲ့ရသည့်အထီးကျန်ခြင်းတွေသာဖြစ်မည်။
"Ambush"ကိုယ်တိုင်ကိုက စစ်ပွဲတစ်ခု၏အဆုံးသတ်အနေဖြင့် ဒီလိုမျိုးအဆုံးသတ်တစ်ခုကို ပြချင်တာဖြစ်သည်။ ဒါက ဒါရိုက်တာကျန်းပြောခဲ့သလိုပင်။ ဒီဒရာမာက ratingကောင်းကောင်းမရချင်မရမယ်။ ဒါပေမယ့်လူတွေ၏စိတ်ထဲတွင် စွဲသွားစေရမည်။ စစ်ပွဲဆိုတာက လူတိုင်းအပေါ်အညာအတာကင်းမဲ့သည်။ အကယ်၍ တစ်ဖက်ကနိုင်ခဲ့ရင်တောင်မှ စစ်အတွင်းဆုံးရှုံးခဲ့ရသည့်သူတွေက အနိုင်ရခဲ့တာထက် ပိုများသည်။
ကြည့်ရှုသူတစ်စိတ်တစ်ပိုင်းကတော့ ဒီလိုဇာတ်သိမ်းအတွက် တော်တော်လေးသနားနေကြပီး စစ်ပွဲ၏ရက်စက်မှုတွေကိုလည်း ခံစားလိုက်ရသည်။ ဒါပေမယ့် ဇာတ်လိုက်နှစ်ယောက်မပေါင်းဖက်ကြသည့်အပေါ်ဆန့်ကျင်သည့်ပရိသတ်တွေက ပိုများသည်။ အထူးသဖြင့်ကတော့ Huo Xiတစ်ယောက် ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုသတ်သေသွားတာကို လက်မခံနိုင်ပဲ မကျေမနပ်ဖြစ်နေကြတာက အများကြီးပင်!