အခန်း (၇၂.၂)
4.7K 1K 103
အခန်း (၇၂.၂) – Live Video Call
~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းသားတွေ၏ အော်ဟစ်ညည်းညူသံတွေကို မကြားရသလိုမျိုး ရွှယ့်ကျားကျယ်သည် လက်တော့ပ်ကို ကိုင်ပီး စာသင်ခန်းထဲကနေ ထွက်သွားတော့သည်။ သူစာသင်ခန်းထဲက ထွက်လိုက်သည်နှင့် ရုတ်တရပ် ဘေးကိုရှောင်လိုက်တာကြောင့် သူ့အား လက်သီးနှင့်လှမ်းထိုးဖို့ ပြင်နေသည့် အမျိုးသားသည် လေကိုသာ ထိုးမိသွားတော့သည်။
ရွှယ့်ကျားကျယ်သည် ထိုအမျိုးသားအား မျက်ခုံးပင့်ပီး ကြည့်လိုက်သည်။ ကင်မရာက သူ့မျက်လုံးတွေထဲက အရိပ်အယောင်ကို သေသေချာချာလေးဖမ်းယူထားပေမယ့် သူ့နှုတ်ခမ်းတွေက မသိမသာလေးပင့်သွားကာ : "ဆရာကို လက်သီးနဲ့ ထိုးဖို့ ကြိုးစားတဲ့ ဒီကကျောင်းသား ကျောင်းထုတ်ခံရတော့မယ်"
တန်ယန်ရွှမ်သည် ဘာမှမဖြစ်သလိုဖြင့် မေးလိုက်သည်။ : "ဒါဆိုရင် ကျွန်တော်က ဆရာ့ဆီ အကူအညီတောင်းချင်ရင် ကျွန်တော့်ဖက်က ဘာလုပ်ရမှာလဲ?"
ရွှယ့်ကျားကျယ်သည် ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။ : "ဘယ်လိုအကူအညီမျိုးလဲ?"
တန်ယန်ရွှမ်မျက်နှာပေါ်က အပြုံးက ချက်ချင်းပဲ ပျောက်သွားပီး : "ကွင်းဆက်လူသတ်မှု အကိုရွှယ့် ငါ့အကိုရေ ကျေးဇူးပြုပီး ငါ့ကိုကယ်ပါဦး"
ရွှယ့်ကျားကျယ်နှုတ်ခမ်းပေါ်က အပြုံးက အနည်းငယ်ပိုနက်ရှိုင်းသွားသည်။ အတန်းထဲမှာတုန်းက ပြုံးခဲ့သည့်အပြုံးနှင့်မတူပေ။ "မင်းကိုကယ်ရမယ်? မင်းကိုသတ်ချင်တယ်? ဘယ်လူသတ်သမားကများ မင်းကို သတ်နိုင်မှာလဲ တစ်နေ့ကို၈နာရီ နေ့တိုင်းအာကစားလုပ်ပီး အသက်၁၈ကတည်းက ဝမ်းဗိုက်ကြွက်သားအပြည့်နဲ့လူ အသက်၂၀မှာ Sanda World Cup (SWC) အနိုင်ရပီး အသက်၂၃မှာ မြန်မာက မူးယစ်ဂိုဏ်းကို အပြတ်ရှင်းနိုင်ခဲ့တယ် အသက်၂၅မှာ လူမိုက်၁၆ယောက်ကို တစ်ယောက်ထဲ တိုက်ပီး အသက်၂၇မှာ ......"
"...... ငါ့ဘဝအကြောင်းတွေကို မင်းက ဘာလို့ ပိုပီးမှတ်မိနေတာလဲ?"
ရွှယ့်ကျားကျယ်သည် လှည့်ထွက်သွားလိုက်သည်။ : "ဘာလို့လဲဆိုတော့ ထက်မြတ်တဲ့သူတွေက ဒီလိုဘာမဟုတ်တဲ့အရာလေးတွေကအစ မှတ်မိနေတတ်တယ်လေ"