အခန်း (၂၄)
8K 1.6K 132
Hello👋🏻
Today triple update!!! 🎉🎊
My Bday treat for my lovely readers!
😘😘😘
~~~~~~~~~~~~~~~~~~~~
အခန်း (၂၄) – ဒီနှစ်ပိုင်းအတွင်းမှာ ဖန်တွေက စစ်ပွဲ၏အနုပညာကို နားလည်လာကြပီလေ~
~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း၁ကတည်းကနေ ဇာတ်သိမ်းပိုင်းအထိ ကြည့်ရှုသူတွေ Huo Xiအပေါ်ထားသည့်သဘောထားကတော့ ဒီလူသည် အရမ်းရက်စက်သည် ဟုပင်။ သူသည် စစ်ဝတ်စုံကိုသာအမြဲဝတ်ထားလေ့ရှိပီး လေထဲတလွင့်လွင့်ဖြစ်နေသည့်အပေါ်ကုတ်က သူ့ကို ပိုပီးအေးစက်သည့်ပုံဖြစ်စေပီး အနားကို ဘယ်သူမှ မကပ်ရဲလောက်သည့်အထိကို အထက်စီးဆန်လှသည်။
ဒါပေမယ့် နောက်ဆုံးနားရောက်လာသည့်အခါတွင်တော့ သူသည် ပထမဆုံးအကြိမ် ဟောင်းနွမ်းနေသည့်အကျဉ်းသားဝတ်စုံကို ဝတ်ထားပီး မှိုင်တိုင်စွာဖြင့် အေးစက်စိုစွတ်နေသည့် ထောင်နံရံကိုမှီကာ ထိုင်နေပီး သူ့သေမိန့်ကို စောင့်နေသည်။
အတိတ်ကဘယ်လောက်ပဲ တောက်ပခဲ့ပါစေ လက်ရှိမှာတော့ သူက ချုံးချုံးကျနေပီး အရာရာအဆက်ပြတ်နေသည့်သနားစရာလူတစ်ယောက်ပင်။
ကင်မရာပေါ်တွင်တော့ ရုံရှီသည် ညစ်ပတ်နေသည့်နံရံကိုမှီထားပီး တိတ်တဆိတ်ဖြင့် ခေါင်းကိုငုံ့ထားပုံက တစ်ခုခုကို အလေးအနက်တွေးနေပုံရသည်။ သူ့မျက်နှာတွင် ဘာအမူအရာမှမရှိပေ။ ဒီအခန်းကိုကြည့်နေရသည့်ရိုက်ကူးရေးအဖွဲ့သားများသည် စိတ်မကြည်မသာဖြစ်ပီး တစ်ယောက်တည်းအထီးကျန်လာသလို ခံစားနေမိကြသည်။
ဒီအခန်းကနေပီး ပြောပြနေသည့်စကားကတော့ အနိုင်ရသူသာလျှင် ဘုရင်ဖြစ်ပီး စစ်ရှုံးသွားခြင်းက အရှုံးသမားတွေအတွက် ဒုက္ခတစ်ခုဆိုတာပင်။
ဇာတ်ညွှန်းထဲတွင်ပြောထားကတော့ Huo Xiသည် ထောင်ထဲတွင် ၃ရက်တိတိ ဘာမှမစားမသောက်ပဲနေနေသည်။ ဒီကြားထဲတွင်တော့ Bai Mingdeမှ သူ့ကို လာတွေ့သည်။
လက်ရှိမှာတော့ Bai Mingdeသည် ပင်းမြို့၏အထက်ပိုင်းအရာရှိတောင် ဖြစ်နေပီလေ။ Huo Xiလက်ထဲတွင် အသက်ဆုံးသွားခဲ့ရသည့် သူ၏ရဲဘော်ရဲဘက်တွေ အများကြီးရှိသည်။ ဒါပေမယ့် သူတို့ဦးစီးက Huo Xiအား သေမိန့်မချပေးတာကြောင့် သူ့မှာ ခံပြင်းဒေါသတွေဖြစ်ပီး နာကျည်းမိသည်။