အခန်း (၇၂.၁)
4.8K 1K 37
အခန်း (၇၂.၁) – Live Video Call
~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်လူက ဘာဖြစ်လို့လဲဆိုတာကို မေးချိန်တောင်မရလိုက်ပါပဲ ရိုက်ကွင်းမန်နေဂျာကနေမှ ရုံရှီအား ရိုက်ကူးရေးစတင်တော့မည်ဖြစ်တာကြောင့် လှမ်းခေါ်နေသည်လေ။
သူ့စိတ်ထဲက ရှုပ်ထွေးနေမှုကို ယာယီဖိနှိမ်ထားလိုက်ပီး ရုံရှီသည် သူ့ဖုန်းအား လော့ချန်ထံ ပေးခဲ့လိုက်ကာ ရိုက်ကွင်းရှိရာဖက်သို့ လျှောက်သွားလိုက်သည်။ မသွားခင် သူသည် ခဏလောက်စဉ်းစားလိုက်ပီးမှ လော့ချန်အား သေသေချာချာလေးမှာခဲ့လိုက်သေးသည်။ : "အခုနောက်ပိုင်း ကျွန်တော့်ဖုန်းဆီကို ဘာမက်ဆေ့ခ်ျပဲရောက်လာလာ အမရှောင်ချန် မဖွင့်ကြည့်နဲ့နော်"
လော့ချန်သည် နည်းနည်းလောက်ကြောင်သွားပေမယ့် ချက်ချင်းပဲ သူမကိုယ်ပိုင်အိတ်အသေးလေးထဲ ဖုန်းကိုထည့်လိုက်ပီး အလေးအနက်ပြန်ဖြေလိုက်သည်။ : "ကောင်းပီ ရှောင်ရှီ စိတ်မပူနဲ့ အမ လုံးဝမကြည့်ဘူး!"
ဒီလိုဖြင့် ရုံရှီသည် စိတ်မပူတော့ပဲ သွားလိုက်သည်။
လော့ချန်၏အကျင့်စရိုက်မျိုးဖြင့် သူမကတိပေးထားပီဖြစ်တာကြောင့် သူမသေချာပေါက်လုံးဝကို ကြည့်မည်မဟုတ်။ လော့ချန်ဆီမှာ ရုံရှီဖုန်း၏လျို့ဝှက်နံပါတ်မရှိပေမယ့် မက်ဆေ့ခ်ျရောက်လာသည်နှင့် တစ်ဖက်လူကပို့ထားသည့်မက်ဆေ့ခ်ျက ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာဦးမည်လေ — အနည်းဆုံးတော့ တစ်ဝက်လောက်ပေါ့။
ချင်းချန်ကနေပီး သူနှင့် ဘာအကြောင်းကို ဆွေးနွေးမည်မှန်း ရုံရှီမသိပေမယ့် ... အင်း ကိုယ်ရေးကိုယ်တာကိစ္စ ဒါပေမယ့်လည်း လိုလိုမယ်မယ် ဒီလိုကိစ္စမျိုးကို တစ်ခြားသူတွေ ပေးမသိတာက အကောင်းဆုံးပဲလေ။
အခုထက်ထိတိုင် "ရုံရှီနဲ့ချင်းချန် အတူနေတယ်" ဆိုတာကို လော့ချန်အား လော့ကျန်းထောင်က မပြောပြထားသေးဘူးလေ။ ဒီလိုအကြောင်းမျိုးက တစ်ယောက်သိတာ နည်းလေ တစ်ယောက်ပိုနည်းပီးသိလေပဲ။ တကယ်လို့သာ ဒီအကြောင်းက တကယ်ကြီးပေါ်သွားရင်တော့ ရုံရှီကော ချင်းချန်ကော နှစ်ယောက်လုံးအတွက် ပြဿနာတွေ ဖြစ်လာလိမ့်မည်။