အခန်း (၉)
11.1K 1.7K 32
အခန်း (၉)
ဟွားရှအင်တာတိန်းမန့်ကိုရောက်သွားသည့်အချိန်မှာတော့ ရုံရှီသည် လော့ကျန်းထောင်ကို သူလိုချင်သည့်အချက်တွေကို တန်းပြောလိုက်ပီးနောက်တော့ သဘောတူညီမှုရသွားပီး စာချုပ်မှာလက်မှတ်ထိုးလိုက်သည်။
တကယ်တော့ မနေ့ညက အန်တီချင်းနှင့်ချင်းချန်တို့ပြန်သွားသည်နှင့် ဟွားရှမှပထမအဆင့်မန်နေဂျာသည် ရုံရှီ၏ဖုန်းနံပါတ်ကို ဘယ်ကရမှန်းသူမသိပေမယ့် ထိုလူသည် သူ့ဖက်ကနေပီး အနုပညာရှင်နှင့်ချုပ်ဆိုသည့်စာချုပ်တစ်စောင်ကိုပေးလာသည်။ ဒါပေမယ့် ရုံရှီသည် လက်မခံလိုက်ပေ။
ထိုစာချုပ်တွင် သူ့ကိုကမ်းလှမ်းထားသည့်ကမ်းလှမ်းချက်တွေက လော့ကျန်းထောင်စာချုပ်ထက်ပိုသာမှန်း သူဖွင့်ကြည့်စရာတောင်မလိုပဲ သိနိုင်သည်။ ဒါပေမယ့် ထိုစာချုပ်မှာသူလက်မှတ်ထိုးလိုက်သည်ဆိုပါစို့။ ဒါဆို သူသည် ထိုအချိန်ကနေစပီး ချင်းချန်စတူဒီယိုလက်အောင်က အနုပညာရှင်တစ်ယောက်ဖြစ်သွားမည်ဖြစ်သည်။
အနုပညာရှင်တစ်ယောက်က စတူဒီယိုထောင်တာက ဒီလိုအသိုင်းအဝိုင်းအတွင်းမှာ အရမ်းတော့မထူးဆန်းပေ။
ယေဘူယျဖြင့်ပြောရရင်တော့ သေချာသည့်အောင်မြင်မှုနှင့်နာမည်တစ်ခုရှိသည့်အနုပညာရှင်တစ်ယောက်ကသာ သူတို့နာမည်နှင့်စတူဒီယိုတစ်ခုကို စတင်နိုင်သည့်အရည်အချင်းရှိသည်။ ထိုစတူဒီယိုတွင် ထိုအနုပညာရှင်သည် ပိုင်ရှင်တစ်ယောက်နှင့်ညီမျှပီး ပိုပီးလွတ်လပ်သည်။ သူတို့သည် စတူဒီယိုနာမည်ကို အသုံးပြုပီး ဇာတ်ကားတွေ ဒရာမာစီးရီးတွေမှာ ရင်းနှီးမြုပ်နှံနိုင်ပီး ထုတ်လုပ်သူတစ်ယောက်ပါ ဖြစ်လာနိုင်သည်။
နောက်ပီး ထိုစတူဒီယိုသည် အနုပညာရှင်တွေကိုပါ ခေါ်လို့ရသေးသည်။
အောင်မြင်ပီးနာမည်ရထားပီးသည့်စတားတစ်ယောက်ကနေပီး လူသစ်အနုပညာရှင်တစ်ယောက်ကို ပွဲထုတ်ပေးတာက ထိုလူသစ်လေးအတွက် ကောင်းသည့်အခွင့်အလမ်းအသစ်တွေအများကြီးရလာနိုင်သည်။ နောက်ပီး စတူဒီယိုက အနာဂတ်တွင် ပိုပီးကျယ်ပြန့်လာပါက စတူဒီယိုအဆင့်ကနေပီး အသေးစားအင်တာတိန်းမန့်ကုမ္ပဏီလေးတစ်ခုဖြစ်လာနိုင်သည်။