အခန်း (၈၂.၂)
4K 981 129
အခန်း (၈၂.၂) – [ခေါင်းစဉ်ဝှက်]
~~~~~~~~~~~~~~~~~~~~~
ထိုအခိုက်အတန့်မှာပဲ လက်ခုပ်သံတဖြောင်းဖြောင်းက အဆောက်အဦတစ်ခုလုံးတွင်း၌ ပဲ့တင်မြည်ဟိန်းသွားတော့သည်။
တီဗီဖန်သားပြင်ထက်တွင်တော့ အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း ဇာတ်ဝင်တေးအလယ်၌ ချောမောသည့်လူငယ်လေးသည် ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လိုက်သည်။ သူသည် စင်မြင့်ရှိရာဖက်သို့တိုက်ရိုက်မသွားလိုက်ပဲ တစ်ပတ်ပတ်ကာ အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း ရိုက်ကူးရေးအဖွဲ့ ထိုင်ခုံနေရာသို့ လျှောက်သွားလိုက်သည်။ သူသည် ပြုံးလိုက်ပီး ဒါရိုက်တာကွမ်၊ တန်မုန့်လန်၊ တုန်ကျန်း၊ ယဲ့ချောင်နှင့် တစ်ခြားသူတွေကို ပွေ့ဖက်ပီးမှ စင်ဖက်သို့လျှောက်သွားလိုက်ပီး ဝါရင့်သရုပ်ဆောင်ထံမှ လေးလံသည့်ဆုကို လက်ခံလိုက်သည်။
တောက်ပပီးမျက်စိကြိမ်းလောက်သည့်အလင်းရောင်တွေအားလုံး သူ့အပေါ်ကျရောက်နေသည်။ ရုံရှီသည် သူ့အကြည့်ကိုပင့်လိုက်ပီး ပရိသတ်တွေထံဝေ့ကြည့်လိုက်တော့ စင်အောက်က လက်ခုပ်သံတွေက ဖြည်းဖြည်းချင်းတိုးသက်သွားသည်။
လက်ခုပ်သံတွေထဲမှာ ဘယ်လောက်ကစိတ်ရင်းပါပီး ဘယ်လောက်ကအလိုအလျာက်တီးပေးလဲဆိုတာကို ရုံရှီမသိပေမယ့် သူ့လက်ထဲက ဆုကတော့ တကယ်အစစ်ဆိုတာကို သူသိသည်။ အနောက်တန်းမှာထိုင်နေသည့်ဖန်တွေက မီးဆိုင်းတွေကို အရူးအမူးဝေ့ယမ်းပြနေသည်။ သူတို့အသံမထွက်အောင်သတိထားနေလိုက်သည်။ သူတို့အသံတွေကြောင့် ရုံရှီစကားပြောတာကို အနှောင့်အယှက်မဖြစ်သွားစေချင်ဘူးလေ။ သူတို့တွေအကုန်လုံး ပါးစပ်ကိုသာအုပ်ထားနိုင်ကြပီး မျက်လုံးတွေထဲမှာတော့ မျက်ရည်တွေဝဲလျက် သူတို့ကြိုက်နှစ်သက်သဘောကျသည့်သူကို ပံ့ပိုးပေးကြောင်းပြဖို့ရန် လက်တွေကိုသာ အပြင်းအထန်ဝေ့ယမ်းပြနေတော့သည်။
သူတို့၏လှုပ်ရှားမှုကိုကြည့်ရင်း ရုံရှီ၏နှုတ်ခမ်းထောင့်က ဖြည်းဖြည်းချင်းကော့သွားကာ သူ့ပထမဆုံးစကားကို အနိမ့်သံဖြင့် ပြောလိုက်သည်။ : "အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း ရိုက်ကူးရေးထဲမှာ ပါဝင်ခွင့်ရတာ အမှန်အတိုင်းပြောရရင်တော့ တကယ့်ကိုတိုက်ဆိုင်မှုပါ ဒီလောကထဲကို ကျွန်တော်စဝင်ဝင်ခြင်းမှာပဲ အခုလိုအရမ်းကောင်းမွန်တဲ့ရိုက်ကူးအဖွဲ့နဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတာပီး ဒီလိုပြောင်မြောက်ထဲဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ် ဒါကြောင့် ကျွန်တော် ဒါရိုက်တာကွမ်ကိုကျေးဇူးတင်ချင်ပါတယ် အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်းက ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်းကို ကြိုက်နှစ်သက်ကြတဲ့ ကြည့်ရှုသူပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"