အခန်း (၇၈)
5.2K 1.1K 120
{ဒီအပိုင်းပြည့်ကို ညီမလေးMIgKအတွက် အထူးတင်ပေးလိုက်ပါတယ်နော် ko-fi လွှဲပေးလိုက်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်နော်
ညီမလေးMIgKနဲ့ စာဖတ်သူတွေအားလုံး ကျန်းမာကြပီး သွားရေးလာရေးမှာလဲ အန္တရာယ်ကင်းလုံခြုံပါစေ}
.
.
.
အခန်း (၇၈) – မင်းကို ဒီစကားသုံးခွန်း ကိုယ်ပြောမယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိုက်ကူးရေးနေရာကို လူတွေအများကြီးက ဝိုင်းအုံနေတာဖြစ်ပီး တစ်ခါတစ်ရံထိုလူတွေကြားထဲက နေရာအဟလေးပေါ်လာတဲ့ကြားကနေ နူးညံ့ပေမယ့် ခက်ထန်သည့်အမျိုးသားတစ်ယောက်ကို မြင်နိုင်သည်။ သူသည် ငွေရောင်ကိုင်းမျက်မှန်ကို တပ်ထားကာ အရောင်ဖျော့လေကာအနွေးထည်ကိုဝတ်ထားပီး ရိုက်ကွင်းအလည်တွင် တည်ငြိမ်စွာရပ်နေ၍ သူ့စာသားကို ပြောနေသည်။
သူ့နှုတ်ခမ်းပါးတွေရဲ့အရောင်က အရမ်းဖျော့နေပီး နဂိုရှိရင်းစွဲနှုတ်ခမ်းရောင်ကို တမင်သက်သက်ဖုံးအုပ်ပီး ဖျော့သွားသည့်ပုံထွက်နေအောင် လုပ်ထားပုံရသည်။ သူ့မျက်လုံးတွေက မျက်မှန်နှင့်ကွယ်နေတာကြောင့် သူ့ခံစားချက်အမှန်ကို ဘယ်သူကမှ ရှင်းရှင်းလင်းလင်းမပြောနိုင်ပါ။ ဒါပေမယ့် သူ့နှုတ်ခမ်းထောင့်အနည်းငယ်ကော့ညွှတ်နေပီး အပြုံးမဟုတ်သောအပြုံးတစ်ခုဖြစ်တည်နေတာက ဒီလူသည် သဘာဝကိုက အေးစက်စက်နေသည့် သူတစ်ယောက်မှန်းတော့ တစ်ခြားသူတွေကို ခန့်မှန်းမိသွားစေလောက်သည်။
ရင့်ကျက်တယ်၊ တည်ငြိမ်တယ်၊ နက်ရှိုင်းပီး ထက်မြတ်တယ်။
ချင်းချန်၏ခြေလှမ်းတွေက ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ လူအုပ်ကြီးသုံးထပ်အဝေးကနေ ရိုက်ကွင်းအလယ်က ရုံရှီကို သူကြည့်လိုက်သည်။
"မစ္စတာချင်း?" ချင်းချန်ကို ရိုက်ကွင်းထဲခေါ်လာပေးသည့် ဝန်ထမ်းသည် အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
ချင်းချန်သည် သူ့အား လှည့်ကြည့်လိုက်ပီး အသာလေးခေါင်းညိမ့်ပြလိုက်ကာ : "ကျေးဇူးတင်ပါတယ်"
ဝန်ထမ်းသည် ချက်ချင်းပဲ သူ့ခေါင်းကို ခါလိုက်ပီး : "ရပါတယ် ရပါတယ် လမ်းကြုံနေလို့ပါ ဒါက ... ကျွန်တော့်ကို လက်မှတ်လေးထိုးပေးလို့ရနိုင်မလား?"