အခန်း (၅၇)
5.8K 1.3K 72
အခန်း (၅၇) – အလင်းမဲ့တိမ်တိုက်များ
~~~~~~~~~~~~~~~~~~~~~~~~~
လင်းရှောင်း၏ဘဝက လှိုင်းထန်တယ်လို့ သတ်မှတ်လို့မရပေမယ့် ချောချောမွေ့မွေ့ရွက်လွင့်သွားနေခဲ့တာတော့မဟုတ်ပေ။ အလင်းမဲ့တိမ်တိုက်များ ပထမဆုံးရုံတင်ပြသတာကို ကြည့်နေကြသည့် ပရိသတ်များထဲတွင် လင်းရှောင်း၏ဂီတလမ်းတစ်လျှောက်က အဖြစ်အပျက်တွေ တော်တော်များများကို သိထားသူတော်တော်များများရှိပီး သူ့သီချင်းကိုလည်း နားထောင်ဖူးကြကာ ရဖူးသည့်ဆုတွေကိုလည်းသိကြပေမယ့် ဒီလှပချိုမြိန်သည့်သီချင်းတွေနောက်ကွယ်တွင် ဖန်တီးသည့်သူက စာသားကို ထပ်ခါတလဲလဲ စဉ်းစား စိတ်ကူးစိတ်သန်းတွေကို ထပ်ခါတလဲလဲ ရှာဖွေကာ စတူဒီယိုထဲတွင် အကြိမ်ပေါင်းမနည်း ကျရှုံးခဲ့တာတွေကိုတော့ မသိခဲ့ကြပေ။
အလင်းမဲ့တိမ်တိုက်များ၏ ပထမတစ်ဝက်ကတော့ အောင်မြင်သည့်စိတ်ကူးယှဉ်ရုပ်ရှင်အဖြစ် သတ်မှတ်လို့ရသည်။ လူမသိသူမသိသည့်အဆိုတော်တက်သစ်စလေးက ရွေးချယ်ခံလိုက်ရပီး အနုပညာလောကထဲရောက်လာကာ သီချင်းခွေလဲထုတ်နိုင် ပထမဆုံးကိုယ်ပိုင်ဂီတပွဲကိုလည်း လုပ်နိုင်ပီး သူ့ဘဝ၏ပထမဆုံးသော ဆုကိုလည်းဆွတ်ခူးနိုင်ကာ မရေမတွက်နိုင်သောဖန်တွေ၏ ချစ်မေတ္တာကိုလည်း ရရှိခဲ့သည်။
ရုပ်ရှင်တစ်ခုလုံးတွင် ဖြစ်ပျက်သွားပုံက မြန်ဆန်လွန်းပီး အချိန်ဆွဲနေတာမျိုးမရှိပဲ ဇာတ်လမ်းတစ်ခုလုံးကို တိုက်ရိုက်ပြောပြသွားသည်။
လက်ရှိပြသပီးသလောက်ထိကတော့ နာမည်ကျော်စတားတွေတော်တော်များများပါလာပီးပီဖြစ်ကာ သူတို့ထဲက အများစုကတော့ မြင်လိုက်ရတယ်ဆိုရုံလေးသာ။ ကြည့်ရှုသူပရိသတ်များက အံ့သြမှင်သက်နေကြပီး ထိုစတားတွေ၏နာမည်ကိုတောင် မအော်လိုက်နိုင်ခင် သူတို့တွေ၏အခန်းကပီးသွားပီလေ။
ဒီလိုရိုက်ကူးထားမှုပုံက ကြည့်ရှုသူတွေအား လျင်မြန်စိတ်လှုပ်ရှားစေသည့်ပျော်ရွင်မှုမျိုးကို ပေးစွမ်းနိုင်ရုံသာမက စိတ်ဝင်စားမှုကိုလည်း မလျော့သွားစေပေ။ ရုပ်ရှင်မပြသခင်ကတည်းက များစွာသောရုပ်ရှင်ဝေဖန်အကဲဖြတ်သူများနှင့် ဖန်တွေက "နာမည်ကျော်စတားတွေက အဓိကဇာတ်လိုက်ကို လွှမ်းမိုးသွားနိုင်လောက်မယ်"ဆိုသည့်အချက်အတွက် ပူပန်နေကြပေမယ့် အခုတော့ကြည့်ရတာ ပြဿနာမရှိသည့်ပုံပါပဲ။