အခန်း (၅၁.၂)
6.1K 1.3K 85
ကမ်းလှမ်းချက်ကို ရုံရှီဖက်ကနေ လက်ခံလိုက်ပီဆိုတာနှင့် ကျောင်းချူယွမ်သည် ချက်ချင်းကို အကောင်အထည်ဖော်တော့သည်။ သူမသည် ဘီမြို့မှာရှိသည့် သူမတို့ရုံးချုပ်က ဟွားရှအင်တာတိန်းမန့်၏ဂီတဒါရိုက်တာကို မြန်မြန်ပဲဆက်သွယ်လိုက်ပီး ဒီသီချင်းထုတ်လုပ်ဖို့ အတွက် အသေးစိတ်ကို တိုင်ပင်ဆုံးဖြတ်လိုက်သည်။ Sမြို့က ရုံးခွဲမှာ ရုံရှီအသံသွင်းခဲ့သည့် "ပျောက်ဆုံးသွားသောတောင်ပံများ"သည် အဆင်ပြေနေပီဖြစ်တာကြောင့် ထပ်ပီးအသံသွင်းစရာမလိုပေ။ သူတို့အတွက် လိုအပ်တော့တာက MVကိုရိုက်ကူးပီး တရားဝင်ထုတ်ဖို့ပဲလိုတော့သည်။
ထိုညနေခင်းမှာပဲ ကျောင်းချူယွမ်သည် စာချုပ်ကိုအပီးသတ်ချုပ်လိုက်ပီး သုံးစုံပွားကာ ရုံရှီအား လက်မှတ်ထိုးစေသည်။
နဂိုတုန်းက လော့ကျန်းထောင်အနေနှင့်ပြောချင်ခဲ့တာက "ကျွန်တော်တို့အကုန်လုံးက ဟွားရှအင်တာတိန်းမန့်ကပဲ ကုမ္ပဏီက သတ်မှတ်ထားတဲ့အတိုင်းပဲ လိုက်နာသွားရင် မရဘူးလား?"ဆိုပီးပင်။ သို့ပေမယ့် ဒီအကြံပြုချက်ကို ကျောင်းချူယွမ်က ပယ်ချလိုက်ပီး စာချုပ်ကို သေသေချာချာလေးသိမ်းဆည်းလိုက်သည်။
ဒါတွေအကုန်ပီးသွားသည့်အခါမှာတော့ နောက်ဆုံး၌ ကျောင်းချူယွမ်မျက်နှာထက်တွင် စိတ်ရင်းပါပါပြုံးသည့်အပြုံးလေး ပေါ်လာတော့သည်။ နှစ်ယောက်လုံးကို ဓါတ်လှေကားရှိရာသို့ပို့ပေးရင်း သူမသည် ချောမောသည့်လူငယ်လေးအား အဓိပ္ပါယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်တော့မှ သူမသည် လူငယ်လေးအား ဖက်လိုက်သည်။
ရုံရှီဖက်ကနေလည်း ဒါကို သဘောထားကြီးကြီးဖြင့် လက်ခံပေးလိုက်သည်။ သူ့ဖက်နေ ကိုယ်ကိုပြန်ခွာတော့မည့်အချိန်မှာပဲ ကျောင်းချူယွမ်သည် သူ့နား နားတွင် ကပ်ပီးပြောလာသည် : "ရှင်နဲ့သူနဲ့က လုံးဝမတူပေမယ့် ရှင်က သူ့အတိုင်းကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့ပါတယ်"
တစ်စက္ကန့်လောက်တုံ့သွားပီးမှ ရုံရှီသည်လည်းပဲ အပြုံးလေးဖြင့် တိုးတိုးလေးပြန်ပြောလိုက်သည် : "အခုလို ချီးမွမ်းတာကို ကျေးဇူးတင်ပါတယ်"