အခန်း (၃၄)
7.6K 1.5K 166
အခန်း (၃၄) – ချင်းချန်ကလည်း ဒီဇာတ်ကားမှာ ဝင်ပီး သရုပ်ဆောင်ချင်တာလား?!
~~~~~~~~~~~~~~~~~~~~~~
ကြည်လင်နေသည့်ဇာမဏီလိုမျက်ဝန်းထဲတွင်တော့ တစ်ဖက်လူ၏အံ့သြနေသည့်ပုံရိပ်တို့က ထင်ဟပ်နေသည်။ ရုံရှီသည် ချင်းချန်ကို အတော်ကြာသည့်အထိ စိုက်ကြည့်နေပီး လေ့လာနေပေမယ့် ထုံးစံအတိုင်းဘာမှရှာမတွေ့ပေ။ ဒီလူကိုကြည့်ရတာ သူ့ကိုဒီမှာမြင်လိုက်ရလို့ တကယ်ကိုအံ့သြနေပုံရပီး "အလင်းမဲ့တိမ်တိုက်များ"အတွက် ဇာတ်လိုက်နေရာကို သူရလိမ့်မယ်လို့လဲ ထင်ထားပုံမပေါ်ပေ။
"အလင်းမဲ့တိမ်တိုက်များ"ရိုက်ကူးရေးအဖွဲ့က အားလုံးကိုလျို့ဝှက်ထားချင်တာကြောင့် ဒီဟိုတယ်ကိုလည်း ဘယ်မှသတင်းမပေါက်ကြားအောင်လုပ်ထားသည်လေ။
ရုပ်ရှင်မြို့တော်နားရှိသည့်ဒီဟိုတယ်သည် ၄ထပ်သာမြင့်ပီး ရိုက်ကူးရေးအဖွဲ့ထဲက လူတွေနေဖို့ လုံလောက်သည်လေ။ ဒီမှာရှိနေပီး တွေ့ရသည့်သူတွေက "အလင်းမဲ့တိမ်တိုက်များ"ရိုက်ကူးရေးနှင့် သက်ဆိုင်သည့်သူများသာဖြစ်သည်။ ဒါရိုက်တာလျောင်၏အကျင့်စရိုက်နှင့်ပတ်သတ်ပီးလဲ ရုံရှီက ယုံကြည့်ထားတာကြောင့် ချင်းချန်က သူ့နာမည်ကိုသုံးပီး ဒီမှာနေချင်ပါတယ်ဆိုရင်တောင်မှ ဒါရိုက်တာလျောင်က မသိချင်ယောင်ဆောင်ပီး ခွင့်ပြုပေးမှာမဟုတ်။
ဒါပေမယ့် ... ချင်းချန်က တကယ်ကြီးသူ့အခန်းဘေးမှာနေတာက တကယ်ပဲတိုက်ဆိုင်မှုသက်သက်လား?
ချင်းချန်သည် သူ့ရှေ့က လူငယ်လေး၏အတွေးကိုကြားလိုက်သည့်အတိုင်း အရင်ဆုံးပြောလိုက်သည် : "မင်းက ကိုယ့်အခန်းဘေးမှာ နေတာလား?"
ရုံရှီစိတ်ထဲရှိနေသည့်နောက်ဆုံးလက်ကျန်သံသယလေးက ပျောက်ကွယ်သွားပီး သူသည် ခပ်တိုးတိုးရယ်လိုက်ကာ ခေါင်းညိမ့်ပြလိုက်သည် : "တကယ့်ကိုတိုက်ဆိုင်တာပဲ ခင်ဗျားက "အလင်းမဲ့တိမ်တိုက်များ"မှာ ဧည့်သည့်သရုပ်ဆောင်အဖြစ် ပါရမှာမလား? ကျွန်တော်ကြားတာကတော့ ဒီဇာတ်ကားထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေတော်တော်များများက ဧည့်သည်သရုပ်ဆောင်အဖြစ်ပါကြမယ်ဆို ဒါပေမယ့် ခင်ဗျားလဲ ရောက်လာမယ်လို့ မထင်ထားမိဘူး"