အခန်း (၇၅.၃)
4.5K 1K 74
အခန်း (၇၅.၃) – Kabedon~
~~~~~~~~~~~~~~~~~~~~
ဘယ်အဖွဲ့လိုက်ရိုက်သည့်ဇာတ်ဝင်ခန်းမှာမဆို အဓိကအာရုံစိုက်သည့်နေရာတော့ အမြဲတမ်းရှိသည်။ ဒီအခန်းမှာတော့ ရွှယ့်ကျားကျယ်က လုံးဝကို အဓိကဇာတ်ဆောင်တစ်ယောက်နီးနီးဆိုတာ သေချာသည်။ ဒါကြောင့် ရုံရှီ၏သရုပ်ဆောင်ချက်တွေက အရမ်းအရေးကြီးသည် – သူ့ဖက်က အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားပီး ကြည့်ရှုသူတွေကို နစ်မျောသွားအောင် လုပ်နိုင်မလားဆိုတာပင်။
ပေါ်ရှီဝမ်၏သရုပ်ဆောင်ချက်တွေ နှင့် ရန်ရှုကျီ၏သရုပ်ဆောင်ချက်တွေက အဲ့လောက်ကြီးအရေးမကြီးပေ။ ရုံရှီကသာ သော့ချက်ဖြစ်သည်။ ဒီတော့ ဇာတ်ဝင်ခန်းပီးသွားသည်နှင့် မိတ်ကပ်ဆရာမက ရိုက်ကွင်းထဲလျင်မြန်စွာဝင်လာပီး လိုအပ်သည့်နေရာတွေကို ပြန်ပြင်ပေးနေတဲ့ချိန် ဒါရိုက်တာယွမ်ကတော့ စကားတစ်ခွန်းမှမပြောပဲ ရိုက်ကူးထားသည်အား ပြန်ကြည့်နေသည်။
သူသည် အစအဆုံး၅ကြိမ်တိုင်တိုင်ကြည့်ပီးမှ နောက်ဆုံးတော့ သက်ပြင်းတိုးတိုးလေးချလိုက်သည်။ နောက်တော့ သူသည် ခေါင်းကိုမော့လိုက်ပီး ပြောသည်။ : "ရန်ရှုကျီက တစ်ဖြတ်ပြန်ရိုက်ရမယ် ဒါဆိုရင် ဒီအခန်းက အဆင်ပြေပီ!"
ဒီစကားက ရုံရှီနားထဲရောက်သွားတော့ သူသည် အံ့သြစွာဖြင့် ခေါင်းကိုမော့လိုက်ပီး ဒါရိုက်တာယွမ်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ပေါ်ရှီဝမ်နှင့်မာချီတို့ကလည်း ဒါရိုက်တာယွမ်ကို အံ့အားသင့်စွာကြည့်လိုက်ကြပေမယ့် ရန်ရှုကျီကတော့ မတတ်သာစွာခေါင်းညိမ့်လိုက်ပီး တစ်ဖြတ်ပြန်ရိုက်ကူးဖို့အတွက် ပြင်ဆင်လိုက်သည်။
ဒါရိုက်တာယွမ်နှင့်၃ရက်တည်းသာ အတူပူးပေါင်းဆောင်ရွက်ရသေးပေမယ့် ဒါရိုက်တာယွမ်က အခန်းဆက်ရှည်ရိုက်ကူးနည်းကို အသုံးပြုရတာ ပိုသဘောကျမှန်း ရုံရှီသိနေပီဖြစ်သည်။
တစ်ခြားသောပညာသားပါမှုကို စိတ်စွဲလမ်းသည့်ဒါရိုက်တာတွေအများကြီးနှင့်ယှဉ်ကြည့်လျှင် ဒါရိုက်တာယွမ်၏အခန်းဆက်ရှည်ရိုက်ကူးချက်က အဲ့လောက်ကြီးထိရှည်တယ်လို့ ယူဆ၍မရ။ အရှည်ဆုံးမှ ၄မိနစ်ကနေ ၅မိနစ်လောက်သာရှည်သည်။ ပညာသားပါမှုကို စိတ်စွဲလမ်းသည့် တစ်ခြားသောဒါရိုက်တာတစ်ချို့ဆိုလျှင် အခန်းဆက်ရှည်ရိုက်ကူးချက်တစ်ခုက မိနစ်၄၀ကနေ မိနစ်၅၀လောက်အထိရောက်သွားနိုင်ပီး ကြားထဲမှလုံးဝရပ်တန့်ခြင်းမရှိပေ။