အခန်း (၄၇)
6.5K 1.5K 132
အခန်း (၄၇) – အသံသွင်းခြင်းနှင့် အိမ်ငှားခ~
Eng Translator: Vian
~~~~~~~~~~~~~~
ရုံရှီ ဒုတိယတစ်ခေါက်ဆိုသည့်အခါမှာတော့ ကျောင်းခွန်းကနေပီး သီချင်းကို အသံသွင်းခိုင်းထားမှန်း သူမသိပေ။ သူ့ဘယ်ဖက်လက်က မိုက်ခရိုဖုန်းပေါ်တွင် အသာလေးတင်ထားလိုက်ပုံက တကယ်ကြီးထိထားပုံပေါ်ပေမယ့် တကယ်တမ်းကတော့ အဝေးကမမြင်နိုင်လောက်သည့် အကွာအဝေးလေးတစ်ခုက ခြားထားသည်လေ။
အဆိုတော် တော်တော်များများက အသံသွင်းသည့်အချိန်တွင် အကျင့်သေးသေးလေးတွေရှိတတ်ကြသည်။ ရုံရှီအတွက်ကတော့ သူသည် မိုက်ခရိုဖုန်းနားကို ပိုပီးနီးကပ်နေရတာကို ကြိုက်သည်။ ဒီလိုဖြင့် သူ့အသံကို သွင်းနေမည့် စက်ပစ္စည်းနား သူပိုပီးနီးကပ်သွားသလိုပင်။ ပိုပီးနီးလေ သူ့အသံကို ပိုကောင်းအောင် ဖမ်းယူနိုင်လေပေါ့။
အရင်အပတ်ကတည်းက ကျောင်းခွန်းက ရုံရှီထံ "ပျောက်ဆုံးသွားသောတောင်ပံများ" demo ကို ပေးထားပီးပီဖြစ်သည်။ ပီးခဲ့တဲ့တစ်ပတ်လုံး ရုံရှီသည် ရိုက်ကူးရေးနားပီး ဟိုတယ်ပြန်ရောက်သည်နှင့် demoကို အကြိမ်ကြိမ်နားထောင်ပီး သီချင်းစာရွက်ကိုလည်း သေသေချာချာကြည့်ထားပီး သီချင်းဆိုကျင့်ထားသည်။
ဘယ်လောက်ပဲတော်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေ တစ်ခါတည်းနှင့် လုပ်နိုင်တာမျိုးမရှိပေ။
သီချင်းစာရွက်လေးကို တစ်ချက်ကြည့်ပီး တစ်ခေါက်တည်းနှင့် လုံးဝပြီးပြည့်စုံအောင် သီချင်းတစ်ပုဒ်လုံးကို ဆိုနိုင်တယ်ဆိုတာက သေချာပေါက် ဇာတ်လမ်းတွေထဲမှာသာရှိသည်။ စာသားတွေကို ဘယ်လိုချောချောမွေ့မွေ့ဖြစ်သွားအောင်ဆိုမလဲ၊ သံစဉ်တွေကြား အသက်ရှုသံကို ဘယ်လိုထိန်းမလဲ; ဒီနှစ်မျိုးလုံးက အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပီးမှသာ လိုချင်သည့်ရလဒ်ထွက်လာမှာဖြစ်သည်။
သို့ပေမယ် အပြင်မှာliveဆိုတာနှင့် စတူဒီယိုထဲတွင် အသံသွင်းသည့်ကြားမှာလဲ ကွာခြားချက်ကရှိသေးသည်။ ချိုသာအေးမြသည့်သံစဉ်လေးက နားကြပ်ကတဆင့် စီးဆင်းလာသည်။ ပထမတစ်ခေါက်အသံသွင်းတုန်းက အမှားတွေတော်တော်များများကို ရုံရှီသည် ပြန်အမှတ်ရပီး နောက်အနည်းငယ်တွေးလိုက်ပီး အနည်းငယ်အမှန်ပြင်လိုက်သည်။