အခန်း (၉၃.၁)
3.8K 832 31
အခန်း (၉၃.၁) – အစားရွေးသည့်ရုံရုံ
~~~~~~~~~~~~~~~~~~~~~~~~
ဝင်္ကဘာမြို့တော်၏တရားဝင်အကောင့်က ဒီကြေငြာweiboပို့စ်ကို တင်ပြီးသည့်နောက်တော့ များစွာသော အင်တာနက်ပြည်သူတွေ၏ အာရုံစိုက်ခြင်းကို ချက်ချင်းရသွားပြီး အကြိမ်ပေါင်းများစွာ repostပြန်လုပ်ကြသည်။
ဒါရိုက်တာယွမ်၊ ပေါ်ရှီဝမ်၊ ရန်ရှုကျီ၊ မာချီ...... ရိုက်ကူးရေးအဖွဲ့က လူအများသိအောင်ကြေငြာသည့်ပို့စ်ကို ပထမဆုံးforward လုပ်ထားသည်။ လော့ချန်တောင်မှ ရုံရှီ၏အကောင့်ထဲဝင်၍ ပြန်တင်ပေးရန်အတွက် လုပ်ပေးလိုက်သေးသည်။ ယေဘူယျအားဖြင့်ပြောရရင်တော့ နာမည်ကြီးသူအများစုက သူတို့weiboအကောင့်ကို တစ်ယောက်တည်း အသုံးပြုစီမံတာမဟုတ်ပေ။ ဥပမာပြောရရင် တစ်ခုသောကြေငြာပို့စ်နှင့် တစ်ချို့သောလူသိအောင်လုပ်သည့်ပို့စ်တွေသည် သူတို့၏လက်ထောက်တွေ၊ အေးဂျင့်တွေ ဒါမှမဟုတ် ကျွမ်းကျင်လူထုစီမံခန့်ခွဲရေးအဖွဲ့တွေဆီကို တိုက်ရိုက်လက်လွဲပေးလိုက်ကြသည်။
ရုံရှီလည်းပဲ weiboထဲဝက်ကာ ဖန်တွေနှင့် ပြောဆိုဆက်ဆံရတာ၊ ကိုယ်တိုင်ရိုက်ဓါတ်ပုံတွေတင်တာ နှင့် စကားပြောရတာကို နှစ်သက်ပြီး ဒါက တော်တော်လေးကောင်းတယ်လို့တောင် သတ်မှတ်လို့ရသည်။ နာမည်ကျော်သူအများစုက သူတို့အကောင့်ကို မသုံးကြပဲ သူတို့၏လူထုစီမံခန့်ခွဲရေးအဖွဲ့ကိုသာ အပြည့်အဝဖြေရှင်းဖို့ရန် ထားထားပေးသည်။ လူထုစီမံခန့်ခွဲရေးအဖွဲ့ဖြင့် သူတို့တွေက စကားအသုံးအနှုန်းမမှန်ကန်တာမျိုးလည်း မရှိတော့သလို ဒီအဖွဲ့အကူအညီဖြင့် နာမည်ကျော်သူတွေက သူတို့၏ပုံရိပ်ကို တည်ဆောက်ရာတွင်လည်း အကူအညီဖြစ်သွားကာ ရှာဖွေမှုစာရင်းတွင် နာမည်ဝင်သွားဖို့ရန်အတွက် ဖန်တွေကို ဆွဲဆောင်ရာမှာလည်း အဆင်ပြေသွားစေသည်။ ဒီလိုနည်းဖြင့် သူတို့တွေ ကိုယ်ပိုင်အချိန်မှာ ဘာတွေတကယ်လုပ်သလဲဆိုတာကို ဖန်တွေ မသိနိုင်ကြတော့ဘူးလေ။
နောက်ရက်ရုံရှီနိုးလာသည့်အခါမှာတော့ ဝင်္ကဘာမြို့တော်၏တရားဝင်အကောင့်က တင်ထားသည့်ပို့အောက်၌ ပြန်လည်ဝေမျှထားသည့်အရေအတွက်မှာ ၁၀၀၀၀ကိုတောင် ကျော်သွားပြီဖြစ်ပြီး အောက်တွင် ဖန်တွေကလည်း တက်ကြွစွာဖြင့် ကွန်မန့်တွေပေးနေကြသည်။