အခန်း (၃၁.၁)
7.6K 1.6K 28
အခန်း (၃၁) – လင်းရှောင်းနေရာအတွက် auditionဖြေခြင်း~
"အလင်းမဲ့တိမ်တိုက်များ"အတွက် auditionဖြေမည့်နေရာကိုတော့ sမြို့တွင် သတ်မှတ်ထားပီး နောက်ပိုင်းဇာတ်ကားရိုက်မည့်အခါတွင်လည်း ထိုမြို့တွင်ရိုက်မည်ဖြစ်သည်။
ဒီရိုက်ကူးရေးအဖွဲ့သည် ငွေရင်းနည်းသည့်ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းဇာတ်ကားကို ရိုက်ကူးသည်ဆိုပေမယ့် ရိုက်ကွင်းအပြင်အဆင်ကိုတော့ ဖြစ်ကတတ်ဆန်းမလုပ်ထားပေ။ ရုံရှီ ရိုက်ကူးရေးအဖွဲ့ထဲကို ဝင်သွားသည်နှင့် ရိုက်ကွင်းကိုပြင်ဆင်ရင်းအလုပ်များနေသည့် ရိုက်ကူးရေးအဖွဲ့သားတွေကိုတွေ့လိုက်ရသည်။ သူauditionအခန်းထဲသို့ဝင်သွားသည့်အခါမှာတော့ ရှေ့တန်းတွင် လူ၆ယောက်ထိုင်နေတာကို တွေ့လိုက်ရသည်။
အစကနေကြည့်မယ်ဆိုလျှင် ဇာတ်လိုက်သရုပ်ဆောင်၊ ဇာတ်ညွှန်းဆရာ၊ ထုတ်လုပ်သူ၊ ရင်းနှီးမြုပ်နှံသူ နှင့် ဒါရိုက်တာ တို့ဖြစ်မည်။
ဒါက auditionတစ်ခုတွင် ပုံမှန်ထားနေကြပုံစံဖြစ်သည်။
ဒါပေမယ့် "အလင်းမဲ့တိမ်တိုက်များ"auditionအခန်းထဲမှာတော့ လူ၆ယောက်ရှိနေသည်။ ဘေးအစွန်တစ်ဖက်မှာထိုင်နေသည့် အမျိုးသမီးကိုတော့ ရုံရှီသည် မမှတ်မိပေ။ ထိုအမျိုးသမီးသည် အနက်ရောင်နေကာမျက်မှန်ကိုတပ်ထားပီး ရောင်ဖျော့ဖျော့မာဖလာက သူမမျက်နှာသေးသေးလေးတစ်ဝက်လောက်ကို အုပ်ထားသည်လေ။ လူတိုင်းက သူမ၏ကျက်သရေရှိသည့်အရှိန်အဝါကိုတော့ ခံစားလို့ရပေမယ့် သူမဘယ်လိုပုံစံရှိလဲဆိုတာကိုတော့ သဲသဲကွဲကွဲမမြင်ရဖြစ်နေသည်။
ရုံရှီသည် ထိုအမျိုးသမီးကို ခဏလောက်သာကြည့်လိုက်ပီးနောက် မြန်မြန်ပဲအကြည့်ကိုလွှဲလိုက်သည်။ သူသည်ပြုံးလိုက်ပီး အင်တာဗျူးမည့်သူများကို မိတ်ဆက်လိုက်ကာ အလယ်မှာထိုင်နေသည့်ဒါရိုက်တာလျောင်ပြောလာတာကို နားထောင်လိုက်သည် : "မင်းမျက်နှာက အရမ်းအဆင်ပြေပီး မင်းပုံစံကလည်း တော်တော်လေးကို ထူးခြားတယ် ရုံရှီ အခုပဲauditionကို ချက်ချင်းစလိုက်ရအောင် မင်းတတိယတစ်ခန်းကို ရွေးလိုက်ပါ ငါတို့ မင်းရဲ့သရုပ်ဆောင်တာကို မျှော်လင့်ကြတာပေါ့"