အခန်း (၈၄.၂)
4.8K 1K 48
အခန်း (၈၄.၂) – ဖေးထျန်ဆုပေးပွဲ
~~~~~~~~~~~~~~~~~~~~~~
ကလေးလေးက ရိုက်ကွင်းကနေမထွက်သွားမှီ သူ့ခြေတံသေးသေးလေးတွေဖြင့် အထူးတလည်ပြေးလာပြီး ရုံရှီအား ​ချောကလက်တစ်တောင့်ပေးလာသည်။ ရိုက်ကူးရေးအဖွဲ့ထဲက တစ်ခြားသူတွေအားလုံးကိုလည်း ချိုချဉ်လေးတွေ လိုက်ပေးနေသည်။ ဒါက ကလေးလေးရဲ့အတွေးပဲလား သူ့မန်နေဂျာအမေ၏ အတွေးပဲလားဆိုတာကိုတော့ ရုံရှီမသိပေမယ့် ဒီချစ်စရာကောင်းပြီး သိမ်မွေ့သည့်ကလေးလေးကို ကြည့်လိုက်သည့်အခါ၌ သူ့မှာ မနေနိုင်ပဲကလေးလေး၏ဆံပင်ပျော့ပျော့လေးတွေကို ပွတ်ပေးလိုက်မိသည်။ လဲ့လဲ့ရိုက်ကူးရေးအဖွဲ့ကနေ ထွက်သွားပြီးတဲ့အခါမှာတော့ ရုံရှီသည် မိတ်ကပ်ပြင်လို့ပြီးသွားပြီး နောက်ဆုံးအတွင်းစတူဒီယိုဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ပြင်ဆင်လိုက်သည်။
ကလေးလေး၏နောက်ကျောကိုကြည့်လိုက်ရင်း လော့ချန်သည်စိတ်ခံစားချက်အပြည့်ဖြင့် ပြောလာသည်။ : "အမြင်အားဖြင့်ပြောရရင် ဒီလိုမျိုး အစွဲအလမ်းဥပါဒါန်ရှိတဲ့ဇာတ်ကောင်တွေက ဆုရဖို့အလွယ်ဆုံးပဲ ရှောင်ရှီ ရှင်ဇာတ်ကားနှစ်ခုတောင် သရုပ်ဆောင်ပြီးသွားပြီ ဒါပေမယ့် စိတ်ခံစားချက်ပြင်းထန်တဲ့ဇာတ်ကောင်မျိုးကိုတော့ မရိုက်ဖူးသေးသလိုပဲ အဲ့လိုဇာတ်ကောင်မျိုးကိုရိုက်ဖို့ကော တွေးကြည့်သေးလား?" 
စိတ်ခံစားချက်ပြင်းထန်သည့်ရုပ်ရှင်တွေက ရသအနုပညာဆန်သည့်ရုပ်ရှင်တွေသာဖြစ်သည်။ ဒီလိုဇာတ်ကားမျိုး၏အဓိကအခန်းမှာ ဇာတ်လမ်းကြောင်းထက် ဇာတ်ကောင်တိုးတက်သန်မာလာာသည့်အပေါ်ကို မူတည်ထားလေ့ရှိပြီး သူတို့တွေက သရုပ်ဆောင်တွေ၏အရည်အချင်းကို မြင်သာထင်သာအောင်ရိုက်ပြထားတာကြောင့် သက်ဆိုင်သည့်ဆုတွေရနိုင်ဖို့ ပိုလွယ်ကူသည်။ ရုံရှီ သူ့အရင်ဘဝတုန်းက ဒီလိရုပ်ရှင်မျိုးအများကြီးရိုက်ကူးဖူးသည်။ ချင်းချန်၏မုချန်ကလည်းပဲ ဇာတ်ကောင်လုမုရှန်ကို သရုပ်ဖော်ပြထားပြီး သူ့အား ဆုတွေအများကြီးကို ရဖို့အခွင့်အရေးပေးခဲ့သည်။ ဒါကိုကြားတော့ လူငယ်လေးသည် နည်းနည်းတွေးလိုက်ပြီး ပြုံး၍ : "အကိုလော့ဆီကနေသတင်းတွေရလာလို့လား?"