အခန်း (၃၀)
8.5K 1.6K 207
အခန်း (၃၀) – "အလင်းမဲ့တိမ်တိုက်များ"
~~~~~~~~~~~~~~~~~~~~~~
"အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း"သည် ဒီနှစ်ဆုံးပိုင်း၏ ရင်းနှီးမြုပ်နှံမှုအများဆုံးဒရာမာဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ် ရိုက်ကူးရေးအဖွဲ့က ဘာမှတောင်ပြင်ဆင်လို့မပီးသေးခင်မှာပင် ဒါကို စောင့်မျှော်နေကြသည့်ဖန်တွေရှိနေပီဖြစ်သည်။
ရိုက်ကူးမည့်သူကလည်း ဒီလောကတွင် လူတိုင်းသိကြသည့်ဒါရိုက်တာကွမ်ဖြစ်ပီး ဇာတ်လိုက်မင်းသမီးသည် ဆုကြီးတွေဆက်တိုက်ရထားသည့်တန်မုန့်လန်ဖြစ်ပီး ဇာတ်လိုက်မင်းသားကြတော့ ပထမအဆင့်လူငယ်စတားတစ်ယောက်ဖြစ်သည့်တုန်ကျန်းနှင့် ဒုတိယမင်းသားသည် လက်တလောနာမည်ကြီးနေသည့်လူငယ်စတား ယဲ့ချောင်ဖြစ်သည်။ ဇာတ်ပို့ကာရိုက်တာကတောင် လောလောလက်လက်ကမှ ပြသထားသည့် "Ambush"ထဲမှ တဟုန်ထိုးနာမည်ကြီးလာသော ရုံရှီဖြစ်ပီး ဒီလူသစ်လေးက ဒီတစ်နှစ်ရဲ့dark horseဖြစ်သည်လေ။
တိုတိုပြောရရင်တော့ မီလျံဆယ်ဂဏန်းကျော်သည့်ကြည့်ရှုသူတွေက အရမ်းမျှော်လင့်ထားသည့် "အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း"သည် တရားဝင်ပြသပီဖြစ်သည်!
တခမ်းတနားဆန်ပီး အံ့သြမှင်သက်ဖွယ်ကောင်းသည့်သီချင်းနှင့်အတူ သူရဲကောင်းဆန်ဆန်ပြင်းထန်လှသည့်အထူးပြုလုပ်ချက်အခန်းတွေ; ပထမဆုံးအပိုင်းစစခြင်း၊ ကြည့်ရှုသူတွေကို မိတ်ဆက်လိုက်တာကတော့ ရက်စက်ပီးညှာတာမှုကင်းမဲ့လှသည့် စစ်မြေပြင်ပေါ်က စစ်ပွဲတစ်ခုပင်ဖြစ်သည်။ နောက်ပိုင်းတစ်ဖြည်းဇာတ်ရှိန်တက်လာပီး ကြည့်ရှုသူတွေက ရှောက်ရှန်း၊ ရှဲ့ကျင်းရှန် နှင့် တုန်လီလန်တို့ကို မြင်တွေ့လိုက်ရသည်။
ကမ္ဘာအသစ်တခုကို ဖုံးကွယ်ထားသည့်ပုဝါပါးလေးက တစ်ဖြည်းဖြည်းဖယ်ရှားလိုက်ပီး နောက်မှာတော့ ကြည့်ရှုသူတွေအများကြီးသိလိုက်ရတာက ပထမအပိုင်းပီးသွားပီဆိုတာကိုပင် : "မဖြစ်နိုင်တာ ဒီလောက်တောင် အချိန်ကုန်သွားပီပေါ့!"
နောက်ဆက်လာမှာကတော့ ဒုတိယအပိုင်းဖြစ်သည်။
ဒါက နေ့စဉ်ဒရာမာတွေ၏အားသာချက်ဖြစ်ညသည်။ ကြည့်ပီးသွားရင် နောက်တစ်ခေါက်ပြန်ကြည့်နိုင်ပီး နောက်တစ်ရက်လဲဆက်ကြည့်ပီး နေ့တိုင်းဆက်တိုက်ကြည့်သွားလို့ရသည်!