အခန်း (၂၅)
9.6K 1.6K 242
အခန်း (၂၅) - ကြာစေ့အနှစ်နဲ့ လိမ္မော်အစာသွပ် [Lian rong cheng zi xian] : Cute~Cute~ =3=
~~~~~~~~~~~~~~~
လင်းထင်းပီး ကြီးမားကျယ်ဝန်းသော ထမင်းစာခန်းတွင်တော့ ရုံရှီသည် တစ်ကိုယ်ရည်သန့်ရှင်းရေးကို မြန်မြန်လေးလုပ်လိုက်ပီး ထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်သည့်အခါတွင်တော့ စားပွဲအပြည့်မနက်စာအစုံအလင်ကို တွေ့လိုက်ရသည်။
ဆန်ပြုတ်နှင့်အရံဟင်းလေးတွေကအစ ပေါင်မုန့်နှင့်နို့၊ ပါစတာနှင့်ပီဇာ၊ ဆူရှီနှင့်ကင်ချီ၊ ဒီလိုမျက်လုံးစူးလောက်သည့်အထိ တောက်ပသည့်မနက်စာတစ်သီတစ်တန်းကြီးက ထမင်းစားပွဲကြီး၏အစွန်းအထိကို အပြည့်ရှိနေသည်။ မတူညီသည့်နိုင်ငံပေါင်းစုံက အစားအသောက်တွေပြည့်နေသည့် စားပွဲကြီးကို တွန့်ဆုတ်စွာပဲ ကြည့်လိုက်သည်။ သူ အိမ်မှာ မနက်စာစားနေတာလား ဒါမှမဟုတ် ပါတီရောက်နေတာလားဆိုတာကို တစ်ခနလောက် မေ့သွားတော့သည်။
ချောမောခန့်ညာပီး မျက်နှာထားမပြောင်းပဲရှိနေသည့်သူက တော့ သူ့အားဆန်ပြုတ်ပန်းကန်ကို ညင်သာစွာကမ်းလေးလာတာကြောင့် ရုံရှီသည် မြန်မြန်လေးယူလိုက်သည်။
ချင်းချန်သည် မျက်လွှာချလိုက်ပီး သူ့မျက်နှာထားကတော့ သဘောကျစရာကောင်းပီး သာမန်အတိုင်းသာပြောလိုက်သည် : "ကိုယ်ဒီအတိုင်းပဲ နည်းနည်းပါးပါးဝယ်လိုက်တာ မင်း သေသေချာချာနဲ့ကောင်းကောင်းစားပါ"
ရုံရှီ : "........."
အင်း ... ခင်ဗျားရဲ့ပုံမှန်က ... တကယ့်ကို အရမ်းတွေပုံမှန်ပါပဲ ah...
သူ့စိတ်ထဲမှာတော့ ချင်းချန်ဘာတွေတွေးနေလဲဆိုတာကို စဉ်းစားမရပေမယ့် ရုံရှီသည် တိတ်တဆိတ်သာ မနက်စာကိုစားနေလိုက်သည်။ အစကနေ အဆုံးအထိ သူသည် တရုတ်အစားအစာများသာစားပိး တစ်ခြားဘာမှမထိပေ။ ချင်းချန်သည် တစ်ချိန်လုံးတည်တည်ငြိမ်ငြိမ်ဖြင့်သာ ကော်ဖီသောက်နေပီး ဘာသံမှမထွက်တာကြောင့် ရုံရှီလဲ ဘာစကားမှမပြောပဲနေလိုက်သည်။ တစ်ဖက်လူက 'အစားစားနေတုန်းစကားမပြောရ'ဆိုသည့် စည်းမျဉ်းကို ထားတာကြောင့်ဖြစ်သည်ဟု ယူဆလိုက်သည်။