အခန်း (၇၇.၁)
4.7K 1.1K 155
အပိုင်း (၇၇.၁) – ချင်းချန် ကျွန်တော့်အခန်းမှာပဲ အိပ်လိုက်မလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တူညီတဲ့မေးခွန်းပေမယ့် အဖြေကတော့မတူတော့ပေ။
ရုံရှီသည် သိုးမွေးမာဖလာအပါးကို လက်ထဲမှာကိုင်ထားတုန်းပင်။ အရင်တုန်းကတော့ ချင်းချန်အပေါ် သူ့ဖက်က ဘာခံစားချက်မှလည်းမရှိသလို သူတို့နှစ်ယောက်ရဲ့အရင်ကဆက်ဆံရေးကလည်း ဘာမှထူးခြားတာမရှိခဲ့ပေ။ ဒါပေမယ့် အခုတော့ သူ့လက်ချောင်းထိပ်တွေက ... နည်းနည်းပူနေတယ်လို့ သူရုတ်တရပ်ခံစားလာရသလိုပဲ — ဒီမာဖလာပေါ်မှာ ခန္တာကိုယ်အပူချိန်က နည်းနည်းကျန်နေသေးပိး ထိုအပူချိန်က သူ့လက်ချောင်းထိပ်တွေကနေပီး သူ့နှလုံးထဲထိအောင် ဖြေးဖြေးချင်းခုန်တက်သွားသလို။
ဝင်္ကဘာမြို့တော်၏ငွေကြေးထောက်ပံ့မှုက Ambushထက် အများကြီးကောင်းသည်။ ဒါကြောင့် ရုံရှီတို့ အခုနေနေသည့်ဟိုတယ်က ရှန်းရှန်ရုပ်ရှင်မြို့တော်မှာရှိသည့် တစ်ခုတည်းသော ကြယ်လေးပွင့်ဟိုတယ်ဖြစ်သည်။ သို့ပေမယ့်လည်း ဟိုတယ်ခန်းကဘယ်လောက်ကြီးပဲ ကြီးမားနေပါစေ ယောက်ျားနှစ်ယောက်က အဝတ်ဘီဒိုရှေ့မှာ အတူရပ်နေလျှင် ဒါက နည်းနည်းပြည့်ကျပ်သလိုတော့ ခံစားရမှာပဲလေ။
ဘာကြောင့်လဲဆိုတော့ အစောနတုန်းက သူ့ဖက်က အရမ်းကြီးတွေးမနေတာကြောင့် ဘာမှလည်းမခံစားရဘူးလေ။ ဒါပေမယ့် သူရုတ်တရပ်သတိထားလိုက်မိတဲ့အခါမှာ သူတို့ပတ်ပတ်လည်ကလေထုက တဖြည်းဖြည်းအပူချိန်တက်လာသလိုပင်။
လူငယ်လေး၏ကြည်လင်နေသည့်မျက်ဆံတွေက အနည်းငယ်လှုပ်ခတ်သွားပီး အမျိုးသားကို တွေဝေမှိန်းမောစွာဖြင့် ကြည့်နေရင်း တစ်ဖက်လူက ထပ်ပြောလာတာကို ကြားလိုက်သည်။ ——
"ကိုယ်က ကိုယ့်ဘာသာကိုယ် လာချင်လို့ပါ"
အခန်းမီးက အမျိုးသား၏အနောက်ကနေ ထွန်းလင်းနေတာကြောင့် သူ့ခန္တာကိုယ်ပေါ်တွင် ခပ်မှိန်မှိန်အရောင်လေးက ဝန်းရံနေသည်။ အနောက်က အလင်းရောင်ကြောင့်ပဲလားတော့မသိ၊ အလွန်လေးနက်သည့်မျက်နှာက အခုချိန်မှာ ပိုပီးတောင်ရုပ်လုံးကြွနေတော့သည်။ ထိုရှည်သွယ်သည့်ဇာမဏီမျက်လုံးတွေက အရောင်မျိုးစုံပါသည့်ရောင်စဉ်တန်းအိုင်တစ်ခုလုံးက နစ်မြုပ်နေသည့်အတိုင်း ပိုပီးနက်ရှိုင်းနက်မှောင်နေသည်။ ဘယ်လိုရှင်းပြရမလဲမသိပေမယ့် ... ဒီလူက သူ့အား ဖြည်းဖြည်းချင်းစူးစမ်းစစ်ဆေးနေသည်လို့ ရုံရှီခံစားလာရသည်။