အခန်း (၈၁.၁)
4.2K 898 29
အခန်း (၈၁.၁) - Peonyဆုပေးပွဲစတင်ခြင်း~!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းစီယွီသည် ဟွားရှ၏နှစ်စဉ်ကျင်းပသော Peonyဆုပေးပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် မနေ့တုန်းက တောင်ပိုင်းမြို့ကနေ ဘီမြို့ကို လေယာဉ်ဖြင့် ရောက်လာသည်။
နှစ်တိုင်း၌ Peonyဆုပေးပွဲက နိုင်ငံနှင့်အဝှမ်း ကံကောင်းသည့်ကြည့်ရှုသူပေါင်း အယောက် ၅၀၀ ကို ကျပန်းအနေဖြင့် ရွေးချယ်ကာ အခမ်းအနားတစ်လျှောက်လုံး ကြည့်ရှုသူပရိသတ်အဖြစ် ပါဝင်ရန် ဖိတ်ခေါ်လေ့ရှိသည်။ ဒီကိုလာခွင့်ရသည့်သူက အနုပညာရှင်ပေါင်းမြောက်များစွာကို တွေ့မြင်ခွင့်ရမည်။ ဒါက တလက်လက်တောက်ပနေပီး ပြိုင်ဆိုင်မှုကင်းမဲ့တယ်လို့ ဖော်ပြလို့ရလောက်သည်။ ဒီလိုပွဲအခမ်းအနားမျိုးမှာ ပါဝင်ဆင်နွဲခွင့်ရပီး ကိုယ်ကြိုက်နှစ်သက်သဘောကျသော အနုပညာရှင်ကိုလည်း တွေ့မြင်ခွင့်ရနိုင်ခြင်းက ပျော်ရွှင်စရာကောင်းပီး ဂုဏ်ယူဖွယ်ရာကောင်းသည့်အခါသမယလေးတစ်ခုပင်။
ဒါကြောင့် ကျန်းစီယွီသည် အလွန့်ကိုစိတ်လှုပ်ရှားနေပီး သူမအတွက်သူမကြိုတင်ပြင်ဆင်ဖို့ ဘီမြို့သို့ စောစောရောက်နှင့်နေသည်။ နေ့လည်တွင်တော့ သူမသည် ဂရုတစိုက်လေးနှင့် သေသေချာချာလေး မိတ်ကပ်ကို ပြင်ဆင်လိမ်းချယ်ပီး သူမအသစ်ဝယ်ထားသည့် စကပ်လေးကို ဝတ်ဆင်လိုက်ပေမယ့် သူမက ဒီတိုင်းအနုပညာရှင်တွေကို လာကြည့်ရုံသက်သက်မဟုတ်ပေ။
သူမက ရုံရှီအတွက်လာတာဖြစ်သည်။
Peonyဆုပေးပွဲကနေပီး ဒီနှစ်အတွက် ဇကာတင်စာရင်းကို ကြေငြာလိုက်သည့်အချိန် ရုံရှီ၏ဖန်အသိုင်းအဝိုင်းက ပွက်ပွက်ဆူသွားတော့သည်။
လူတိုင်းသိထားကြသလို Peonyဆု၊ ရွှေခေါင်းလောင်းဆု နှင့် ဖေးထျန်းဆုတွေက ဟွားရှမှာ အရေးအကြီးဆုံးသော ရုပ်သံဇာတ်လမ်းတွဲဆုပေးပွဲအခမ်းအနား၃ခုဖြစ်သည်လေ။ ဒီဆုတွေက သာမညအသေးစားဆုလေးတွေမဟုတ်ပါ။ ဒီဆုပေးပွဲ၃ခုမှာ ပါဝင်ဆင်နွဲနိုင်တာကိုကပင် မြင့်မားသောပေါ်လွင်မှုကို ရရှိစေနိုင်ပီး အနုပညာရှင်တွေအတွက် မလျော့နည်းသည့်မြင်ကွင်းတွေကို အာမခံပေးနိုင်သည်။