အခန်း (၁၃)
9K 1.7K 119
အခန်း (၁၃) - ချင်းချန် ဒီလိုလူမျိုးက လူပျိုကြီးဖြစ်လာဖို့ ကံပါပီးသား
~~~~~~~~~~~~~~~~
'Ambush'၏အဖွင့်ရိုက်ကွင်းပထမဆုံးအခန်းကတော့ အောင်အောင်မြင်မြင်နှင့်ပီးဆုံးသွားတာထက်တောင် ပိုနေပါသေးသည်။
အပတ်စဉ်ဒရာမာရိုက်ကူးရေးအဖွဲ့နေနှင့် လူတိုင်းအတွက်အနားယူနေဖို့အချိန်မရှိပေ။ ဘာကြောင့် ဒီဒရာမာသည် တစ်လအတွင်းပြသတော့မည်ဖြစ်တာကြောင့်ပင်။ သူတို့သည် မနားတမ်းဆက်တိုက်ဆိုသလိုကို လျင်မြန်စွာရိုက်ကူးပီး အနည်းဆုံး ၄ပိုင်းမဟုတ်ရင် ၅ပိုင်းလောက် ရိုက်ကူးပီးစီးထားနှင့်ရမည်ဖြစ်သည်။
ဒါရိုက်တာကျန်းသည် ကျန်းတုန်းတုန်းနှင့်ရုံရှီတို့ကို ချီးမွမ်းလိုက်ပီး သူ့အကြည့်တွေကတော့ ရုံရှီထံတွင်စက္ကန့်အနည်းငယ်လောက်ကြာကြာရစ်ဝဲနေပီး နောက်ရယ်လိုက်ကာ "ကံကောင်းပါစေ! နောက်လဆိုရင် ပိုပီးခက်ခဲလာတော့မှာ"
နေ့လည်ပိုင်းတွင်တော့ ရုံရှီကော ကျန်းတုန်းတုန်းကော ယိလန်ကော သူတို့၏သက်ဆိုင်ရာအခန်းတွေကို ရိုက်လို့ပီးသွားပေမယ့် သူတို့တွေသည် ဟန်ယန်ဟောက်ကို တစ်ခါမှမတွေ့ရသေးပေ။
ဟန်ယန်ဟောက်သည် နေ့လည်၂နာရီ၃နာရီလောက်ကတည်းက အဝတ်အစားကောမိတ်ကပ်ကောပြင်ဆင်လို့ပီးသွားပေမယ့် သူသည် အရင်ဆုံးသူ့၏ကာရိုက်တာပိုစတာကို အရင်ရိုက်ဖို့သာလုပ်နေသည်။ ဒါကြောင့်ပဲ သူ၏ပထမဆုံးအခန်းကိုတရားဝင်စတင်ရိုက်ကူးရမည့်အချိန်က ဒီလိုနှင့်ပင် ဘာမှန်းညာမှန်းမသိကုန်သွားရသည်။ ဒီအကြောင်းကို ဒါရိုက်တာကျန်းကြားသည့်အခါမှာတော့ ဒါရိုက်တာကြီးသည် ကြည့်မကောင်းတော့သည်အထိဒေါသတွေထွက်လာပေမယ့် ဘာမှတော့မပြောလာပေ။ ထိုအစား ရိုက်ကူးရေးအဖွဲ့တွင်းက အခြေအနေက အနည်းငယ်အေးစက်စက်သာဖြစ်သွားတော့သည်။
ကျန်းတုန်းတုန်းနှင့်ယိလန်တို့သည် ဒုတိယအဆင့်သရုပ်ဆောင်များဖြစ်ကြပေမယ့် သူတို့၏သရုပ်ဆောင်မှုတွေက တော်တော်လေးလက်ခံပေးနိုင်စရာရှိသည်။ နေ့လည်ခင်းတစ်ခုလုံးတွင် ယိလန်သည် NGကိုနှစ်ခေါက်သာဖြစ်ပီး ရုံရှီနှင့်ကျန်းတုန်းတုန်းတို့နှစ်ယောက်၏သရုပ်ဆောင်ချက်တွေကတော့ ဒါရိုက်တာကျန်းကို အဆုံးမရှိသည့်အံ့သြမှုကိုပေးစွမ်းနိုင်သည်။