အခန်း (၆၉.၂)
4.4K 1K 39
အခန်း (၆၉.၂) - ဒီဖန်က ...... နည်းနည်းတော့ အေးစက်စက်နိုင်တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှုကျင်း : "တကယ်ပဲ မင်းက ဘာကိုလုပ်ချင်နေတာလဲ! ငါ့ကောင်မလေးနဲ့ဘာဆိုင်လို့လဲ! ငါမင်းကိုပြောမယ်နော် သူမက မင်းကိုမကြိုက်ဘူး မင်းဇာတ်ကားတွေလည်း လုံးဝမကြည့်သလို မုရှန် ကိုလည်း သူမလုံးဝမကြိုက်ဘူး ဒီနှစ်ထွက်တဲ့ Disciple ကိုလည်း ရုပ်ရှင်ရုံမှာတောင် သွားမကြည့်ဘူး တစ်ခြားသူတွေလို ၃ကြိမ်၃ခါကြည့်ဖို့မပြောနဲ့! သူမနဲ့ငါရဲ့ပတ်သတ်မှုကလည်း သူမက မင်းဖန်ကြောင့်မို့လို့မဟုတ်ဘူး လုံးဝမဟုတ်ဘူး!"
ချင်းချန် : "...... လိပ်စာတစ်စုံနဲ့ဖုန်းနံပါတ်တစ်ခု ငါ့ကိုပေး"
သူ့ကောင်မလေးကို နောက်တစ်ကြိမ် စကားထဲထည့်ပြောလာဦးမည်စိုးတာကြောင့် ရှုကျင်းသည် ချင်းချန်အား လိပ်စာတစ်စုံနှင့် ဖုန်းနံပါတ်တစ်ခုအားပေးလိုက်သည်။ နဂိုကတော့ သူပေးလိုက်သည့်ဖုန်းနံပါတ်သည် အမျိုးသားသူငယ်ချင်းတစ်ယောက်၏ ဖုန်းနံပါတ်ဖြစ်ပေမယ့် ဘယ်သူထင်ထားမည်လဲ ချင်းချန်တောင်းလာသည့်က အမျိုးသမီးတစ်ယောက်၏ ဖုန်းနံပါတ်ဖြစ်နေမည်ဆိုတာကိုပေါ့။ ဒါက ရှုကျင်းအတွက် သတိပေးခေါင်းလောင်းတွေ ပိုပီးမြည်သွားစေသည်။ သူသည် အသိုင်းအဝိုင်းပြင်ပဖက်က အမျိုးသမီးသူငယ်ချင်းတစ်ယောက်ထံ လျင်မြန်စွာပဲ ဖုန်းခေါ်လိုက်တော့သည်။
ဖုန်းမချသေးလင် ချင်းချန်သည် ခပ်တိုးတိုးအေးစက်စက်အသံဖြင့် ပြောလိုက်သည်။ "ဒီအကြောင်းကို မင်းသူငယ်ချင်းစီမပြောနဲ့ မင်းတစ်ခုခုပို့စရာရှိတယ်လို့ ငါနဲ့ဘာမှမဆိုင်ဘူးလို့ပဲပြောလိုက်"
ရှုကျင်း : "...... အိုကေ" ငါ့ကောင်မလေးနာမည်ကိုသာ ထပ်မပြောရင် အကုန်လုံးအဆင်ပြေတယ်!
ဒီနေရာမှာပဲ ဒီကိစ္စက ဖြေရှင်းပီးသွားပီလို့ပဲ သတ်မှတ်လိုက်လို့ရသည်။
လော့ချန်သည် လိပ်စာနှင့်ဖုန်းနံပါတ်ကို လက်ခံရရှိသည့်အခါ ရုံရှီ နှင့် လော့ကျန်းထောင်တို့ အသီးသီးအား အသိပေးလိုက်သည်။ လော့ကျန်းထောင်က တစ်ဖက်လူနှင့်မရင်းနှီးသလို ရုံရှီကနေလည်း ကြည့်လိုက်သည့်အခါ ဒီနာမည်က သူ့မှတ်ဉာဏ်ထဲတွင် ရှိမနေပေ။