အခန်း (၈၃.၂)
4K 978 64
အခန်း (၈၃.၂) – ချင်းချန် : ကိုယ်လည်းမင်းကိုကြိုက်တယ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီရုတ်တရပ်ထွက်လာသည့်အသံကြောင့် ရုံရှီတမဟုတ်ချင်းနိုးသွားသည်။
သူမနိုးလာခင်အထိ သူအရမ်းပင်ပန်းသွားတာကြောင့် အိပ်ပျော်သွားတယ်ဆိုတာကို သိလိုက်သည်။ ရုံရှီသည် မျက်လုံးကိုဖွင့်လိုက်ပီးဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ သူ့ပါးစပ်တောင်မဖွင့်ရသေးခင်သူရုတ်တရပ်မြင်လိုက်ရတာက......
ချင်းချန်သည် ကော်ဖီစားပွဲပေါ်တွင်ထိုင်နေသည်။ အဖြူရောင်ကြွေပန်းအိုးက ကော်ဖီစားပွဲပေါ်၌ လိမ့်သွားပီး မွှေးပွကော်ဇောပေါ်သို့ကျသွားသည်။ ကော်ဖီစားပွဲပေါ်က မှန်ပေါ်သို့ ကြွေပန်းအိုးလဲကျသွားတာကြောင့် အသံကျယ်ကြီးထွက်လာတာဖြစ်သည်။
ရုံရှီ : "......"
ချင်းချန် : "......"
တစ်စက္ကန့်ပီးနောက် လူငယ်လေးသည် အလိုလိုပြုံးမိသွားပီး မေးလိုက်သည်။ : "ချင်းချန် အဲ့မှာဘာလို့ထိုင်နေတာလဲ?"
ချင်းချန် : "...... ဖုန်းကြည့်နေတာ"
ရုံရှီသည် ကြောင်သွားပီး : "ခင်ဗျားက ကော်ဖီစားပွဲပေါ်ထိုင်ပီး...... ဖုန်းကြည့်နေတယ်?!"
ချင်းချန်သည် တည်ငြိမ်စွာဖြင့် ခေါင်းညိမ့်လိုက်ပီး "အင်း"
ရုံရှီ : "......"
ရုံရှီစိတ်ထဲတစ်ခုခုမှားနေတယ်လို့တော့ခံစားရနေပေမယ့် နောက်စက္ကန့်ဝက်လောက်သာကြာသွားခဲ့ရင် တစ်ယောက်သောသူကအောင်မြင်သွားတော့မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး! ဒါပေမယ့် (ရုံရှီ)ဆီက ညည်းသံသေးသေးလေးက တစ်ယောက်သောသူကို အပြစ်ရှိစိတ်လေးဖြစ်သွားစေပီး ကော်ဖီစားပွဲပေါ် တိုက်ရိုက်ရုတ်တရပ်ကြီး နောက်ပြန်ထိုင်ကျသွားစေသလို ကြွေပန်းအိုးကို ပြုတ်ကျစေတာဖြစ်သည်။
ကြမ်းပေါ်မလဲကျသွားတာကပင် တော်တော်လေးကောင်းနေပီလို့ စဉ်းစားရမည်။ တကယ်လို့သူသာ တကယ်ကြီးကြမ်းပေါ်ထိုင်နေမိရင် တစ်ယောက်သောသူကတော့ မျက်နှာထားမပြောင်းပဲ နှလုံးခုန်နှုန်းမမြန်ပဲ ဒီလိုမျိုးပြန်ဖြေလိုက်မိမှာကို ကြောက်မိသည် ——