အခန်း (၈၈.၂)
3.6K 826 47
အခန်း (၈၈.၂)
~~~~~~~~~~
ဖေးထျန်ဆုပေးပွဲပြီးသွားတဲ့နောက် သတင်းမီဒီယာတွေက ထုတ်ပြန်သည့်သတင်းတွေက Peonyဆုပေးပွဲထက်တော့ မနည်းပေ။ ဒီတစ်ခေါက်တော့ မျက်စိအဖမ်းစားနိုင်ဆုံးသောသတင်းသည် ရုပ်ရှင်ဧကရာဇ်/ဧကရီတွေ၏သတင်းလည်းမဟုတ်သလို အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း၏အောင်မြင်မှုလည်း မဟုတ်ပေ။ ထိုအစား ချင်းချန်ဖြစ်သည်။ ချင်းချန်သည် ဖေးထျန်ဆုပေးပွဲကိုသွားရောက်ပြီး ဆုကြေငြာချီးမြင့်ပေးခဲ့သည်။ ဒါက တကယ့်ကိုသတင်းကြီးပင်။ ထုတ်ပြန်လာသည့်သတင်းတွေအရ ချင်းချန်ပေါ်ထွက်လာပြီးသည့်နောက် ဖေးထျန်ဆုပေးပွဲ၏ကြည့်ရှုနှုန်းက ၂ကိုတောင်ကျော်သွားပြီး အဆုံးနားရောက်သည့်အခါ ၃ကိုတောင်ကျော်သွားတော့သည်ဆိုပဲ!
ထိုနှစ်၏အစကတည်းက ကြည့်ရှုနှုန်း၂ကိုကျော်သွားသည့် ရုပ်သံအစီအစဉ်ဆိုသည်မှာ ရှားပါးပြီး Ambushတောင်မှ အစကနေအဆုံးအထိ တစ်ခါနှစ်ခါလောက်သာ ကျော်သွားသည်။ သို့သော်ငြား ဖေးထျန်ဆုပေးပွဲကတော့ ဆုပေးပွဲအခမ်းအနားဖြစ်လျက်နှင့် ဒီလောက်ထိတောင်အာရုံကို တကယ်ကြီးဆွဲဆောင်နိုင်သည်။ ဒီမြင်ကွင်းရဲ့ သူရဲကောင်းက ဘယ်သူလဲဆိုတာ လုံးဝကိုသံသဝရှိစရာမလိုပေ။
အဓိကမေဂျာသတင်းတိုက်တွေအားလုံးကနေပြီး ချင်းချန်အကြောင်းနှင့် သူပေးသည့်ဆုကိုလက်ခံရရှိသည့် ရုံရှီအကြောင်းတို့သာ ပြောနေကြသည်။
ဝက်ဆိုဒ်တော်တော်များများ၏ရှေ့စာမျက်နှာခေါင်းစီးပိုင်းတွေမှာလည်း ချင်းချန်ကနေပြီး ရုံရှီအား ဆုပေးနေပုံနှင့် သူတို့တွေဖက်နေကြသည့်အခိုက်အတန့်ကို ရိုက်ကူးထားသည့် ဓါတ်ပုံတွေသာပင်။
ဒီပုံတွေက နေရာတိုင်းမှာရှိနေပြီး အင်တာနက်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သတင်းဆိုဒ်တွေအပထားပါဦး။ ရုံရှီ သူ့၏သီးသန့်ဖန်ဖိုရမ်ကိုဖွင့်လိုက်သည့်အခါမှာတောင် ဖန်တွေကနေပြီး ထိုဓါတ်ပုံကိုသုံးကာ ပို့စ်တွေတစ်ခုပြီးတစ်ခုတင်နေတာကို တွေ့လိုက်ရသည်။
[ ချန်းရုံ ချန်းရုံ ချန်းရုံ! ချန်းရုံကိုနှစ်တစ်သောင်းတိုင်အောင်ချစ်တယ်!!! ]