အခန်း (၇၆.၁)
4.3K 972 48
အခန်း (၇၆.၁) – ချင်းချန် : ဒါက အမေနဲ့မဆိုင်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျဉ်းမြောင်း ကြပ်ညှပ်သည့်အဝင်ပေါက်နေရာမှာ ရုံရှီ၏ဘယ်လက်က ချင်းချန်၏ညာလက်ကို ကိုင်ထားပေမယ့် သူ့မျက်လုံးတွေကတော့ တံခါးမှာသာ ရှိနေသည်။
အခန်းထဲကမီးကလဲ မဖွင့်ထားပေ။ မှန်ပြတင်းကနေတဆင့်ဝင်လာသည့် လရောင်ကသာ အခန်းထဲတွင် အသဲမကွဲအရိပ်လေးတွေဖြစ်နေသည်။ တစ်ဖက်က ဘာတုံ့ပြန်ချက်မှမရှိပေမယ့် အပြင်မှတံခါးလာခေါက်နေတဲ့သူကတော့ တော်တော်လေးစိတ်ရှည်သည်။ သူမသည် မျက်မှာပူအရှက်ရတဲ့ခံစားချက်လေး နည်းနည်းမှကို မခံစားရတဲ့ပုံပင်။ နည်းနည်းကြာအောင်အသံတိတ်ပီးသွားမှ သူမသည် ထပ်ပြုံးပီး ပြောလာသည်။ : "ရုံရုံ အလုပ်များနေလားဟင်?"
အမျိုးသားသည် မသိမသာမျက်မှောင်ကျုံ့လိုက်ပီး သူ့ညာလက်ကို အသာလေးရွှေ့လိုက်သည်။ လူငယ်လေး၏ဘယ်လက်ကပါ လိုက်ပါလာသည်။ ရုံရှီသည် ခေါင်းကို လှည့်လိုက်ပီး ချင်းချန်ကိုကြည့်လိုက်တော့ တစ်ဖက်လူက သူ့အား စူးနစ်စွာကြည့်နေပီး သူ့မျက်လုံးများ ကျဉ်းမြောင်းသွားတာက မေးခွန်းမေးနေသလိုမျိုး : ရန်ရှုကျီ?
ထိုအချိန်မှာပဲ ရန်ရှုကျီက အသံထွက်ရယ်လိုက်တာကို ကြားလိုက်ရပီး ပြောလာသည်။ : "ရုံရုံ အခုလေးတင် ရှင့်အခန်းကို တစ်ယောက်ယောက် ဝင်သွားသေးတာလား? အမ သေသေချာချာလေးမမြင်လိုက်ရဘူး အဲ့ဒါက ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ယောက်လား?"
ဒါကိုကြားလိုက်တော့ ရုံရှီ၏နှုတ်ခမ်းထောင့်က ဖြည်းညင်းစွာပင့်တက်သွားပီး ချင်းချန်ကို ဖိထားသည့်လက်ကိုလည်း လွတ်လိုက်သည်။ သူသည် မသိမသာလေးပြုံးလိုက်ပီး ပြောလိုက်သည်။ : "အမရန် အခုလောလောဆယ် ကျွန်တော်လုပ်စရာလေးရှိနေသေးလို့ တကယ်လို့ကျွန်တော့်ဖုန်းကိုပေးချင်တယ်ဆိုရင် ကျွန်တော့်လက်ထောက်ရဲ့အခန်းကို သွားပေးထားလိုက်လို့ရပါတယ်" သူ့စကားအရ သူသည် ရန်ရှုကျီ၏မေးခွန်းကို ရှောင်တိမ်းလိုက်တာဖြစ်သည်။
ချင်းချန်သည် သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပီး သူ့နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့လိုက်သည်။