အခန်း (၇၆.၂)
4.4K 1K 142
အခန်း (၇၆.၂) – ချင်းချန် : အဲ့ဒါက အမေနဲ့မဆိုင်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူက အနက်ရောင်ကုတ်ရှည်ကို ဝတ်ဆင်ထားပီး ဘောင်းဘီရှည်က သူ့ရဲ့ကြည့်ကောင်းပီး သွယ်လျသည့်ခြေတံတွေကို အနားသပ်ထားသည်။ သူ့မျက်နှာချောချောထက်မှာတော့ ဘာအမူအရာမှမရှိပေ။ သူရဲ့သွယ်ပီးအေးစက်သည့်မျက်လုံးတွေဖြင့် ရန်ရှုကျီကို ငုံ့ကြည့်လိုက်ပီး သူ့အကြည့်တွေကတော့ တည်ငြိမ်နေကာ စိတ်ဝင်စားမှုရှိမရှိပေ။
အရပ်ကွာခြားချက်က ၃၀စင်တီမီတာလောက်ရှိတာကြောင့် သူသည် သူ့ရှေ့ကအမျိုးသမီးကို တကယ်ကြီးငုံ့ကြည့်နေရတာဖြစ်သည်။ သူ့နှုတ်ခမ်းတွေက မသိမသာတင်းတင်းစေ့ထားပီး နက်ရှိုင်းနက်မှောင်သည့်မျက်လုံးတွေထဲမှာတော့ အဖက်မလုပ်ပဲ သြဇာပြင်းသည့်အရှိန်အဝါက လျှောက်လမ်းတစ်လျှောက်လုံးကို လျင်မြန်စွာပဲ ပြန့်သွားသည်။
လေထုက ချက်ချင်းကို အေးခဲသွားသည်။ ရန်ရှုကျီသည် ရုတ်တရပ်ပေါ်လာသည့်အမျိုးသားကို တအံ့တသြဖြင့်သာ ကြည့်နေသည်။ သူမစိတ်မကပ်သွားနိုင်ခင်မှာပဲ တစ်ဖက်လူက သူမကို သဘောအရသာငုံ့ကြည့်လာပီး နောက်တော့ သူ့ခေါင်းက ဘေးက လူငယ်လေးဆီလှည့်သွားတော့သည်။ သူသည် ခပ်ယဲ့ယဲ့သာမေးလိုက်သည်။ : "သူမက မင်းကို ရုံရုံလို့ခေါ်တာ မင်းတို့နှစ်ယောက်က ရင်းနှီးလို့လား?"
ချင်းချန်ကနေပီး တံခါးကို ရုတ်တရပ်ကြီးဖွင့်လိုက်မည်လို့ ရုံရှီမထင်ထားဘူးလေ။ ဒါပေမယ့် ရန်ရှုကျီ၏ကြောင်အနေသည့်အမူအရာနှင့် ချင်းချန်၏အရမ်းကိုမှအေးစက်သည့်အပြုအမူတို့ကို ကြည့်လိုက်ပီး သူ့နှုတ်ခမ်းထောင့်က ဖြည်းဖြည်းလေးပင့်ကော့သွားသည်။
သူသည် အပြုံးလေးဖြင့် ပြောလိုက်သည်။ : "အမရန်က ဝင်္ကဘာမြို့တော်ရဲ့ အဓိကဇာတ်လိုက်မင်းသမီးလေ ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်း အတူတူရိုက်ကူးနေကြတာ"
ဒီတိုင်းဇာတ်ကားအတူရိုက်တာပဲ၊ မရင်းနှီးဘူး။
ချင်းချန်သည် "အို"ဟုသော အသံခပ်တိုးတိုးသာပေးလိုက်ပီး ရန်ရှုကျီဖက်ပြန်လှည့်သွားကာ : "သူ့ဖုန်းကဘယ်မှာလဲ?"