အခန်း (၃၈.၁)
7K 1.5K 21
အခန်း (၃၈) – ဘဝက ဇာတ်ကားတွေထက် ပိုပီးဝတ္ထုဇာတ်လမ်းပိုဆန်တယ်~
~~~~~~~~~~~~~
ဖော်ရွေပီး ခင်မင်ဖွယ်ကောင်းသည်ဟုဆိုကြသည့်ကောလဟလတွေလိုပဲ ရုပ်ရှင်ဘုရင်မကြီးသည် အကုန်လုံးအတွက် ကော်ဖီနှင့်မုန့်တွေဝယ်လာပီး "အလင်းမဲ့တိမ်တိုက်များ"ရိုက်ကွင်းသို့ရောက်သည့်အခါ အကုန်လုံးကိုလိုက်ဝေပေးတာကြောင့် အကုန်လုံးက စိတ်ထဲသက်တောင့်သက်သာဖြစ်သွားကြသည်။
ရှမုယန်သည် "အလင်းမဲ့တိမ်တိုက်များ"ကနေမှ ဖိတ်ကြားသည့်ဖိတ်ကြားချက်ကို ပထမဆုံးလက်ခံသည့်နာမည်ကျော်စတားတစ်ယောက်ဖြစ်ပီး ရိုက်ကွင်းသို့ပထမဆုံးရောက်လာသူလဲဖြစ်သည်။ သူမပါဝင်ရိုက်ကူးရမည့်အခန်းက သိပ်မရှိပေ။ တစ်ခန်းတည်းသာဖြစ်ပီး ထိုအခန်းက တစ်ခြားသူတွေလည်းပါဝင်သည်။ သူမသည် ရုံရှီနားသို့ ၅စက္ကန့်လောက်သာဖြတ်လျှောက်သွားဖို့လိုသည်လေ။
လက်ရှိမှာတော့ သူမသည် အရမ်းကိုမှအောင်မြင်နေသည့်သူတစ်ယောက်ဖြစ်ပီး ရုပ်ရှင်ဆုပေါင်းများစွာဆွတ်ခူးထားသူဖြစ်ပေမယ့် လင်းရှောင်းအရှေ့တွင်တော့ ရှမုယန်သည် ဂျူနီယာတစ်ယောက်သာဖြစ်သည်။ လင်းရှောင်းက အမြင့်ကိုရောက်နေချိန်တွင် ရှမုယန်သည် အနုပညာလောကထဲသို့စဝင်စပဲရှိသေးပီး လူသစ်လေးတစ်ယောက်အနေနဲ့ နာမည်စသိစလေးပဲရှိသေးသည်။
ရှမုယန်အတွက် ဇာတ်ညွှန်းထဲတွင်ပါသည့်အခန်းကတော့ တစ်ချိန်က ဆုပေးပွဲအခမ်းအနား၏ညစာစားပွဲတစ်ခုတွင် သူမသည် လင်းရှောင်းနားဖြတ်သွားဖူးသည်။ သူမသည် သူမကိုယ်တိုင်သရုပ်ဆောင်ရမှာဖြစ်သည်။ လက်တလောမှအနုပညာလောကထဲဝင်လာသည့်စတားပေါက်စလေးတစ်ယောက်ဖြစ်ပီး လင်းရှောင်းကတော့ ထိုအချိန်တွင် Golden Melody Awardတွေ များစွာဆွတ်ခူးထားပီးနှင့်သူဖြစ်သည်။ အသက်၃၀အရွယ်မှာပဲ လင်းရှောင်းသည် တစ်ကမ္ဘာလုံးက သီချင်းဂီတကိုချစ်ခင်နှစ်သက်ကြသည့်ဖန်တွေများစွာ၏ ချစ်ခင်နှစ်သက်မှုကို ရထားပီးသားဖြစ်သည်။ သူသည် ဂီတလောကကြီး၏စူပါစတားတစ်ယောက်ပင်။
ဒီတိုတောင်းလှသည့်၅စက္ကန့်လေးမှာပဲ ရှမုယန်သည် ဘေးကနေ ဒီအတိုင်းဖြတ်လျှောက်သွားရုံဆိုတာထက် သူမသည် သူမ၏စီနီယာအရှေ့တွင် စိတ်လှုပ်ရှားတုန်လှုပ်မှုကိုလည်း ပြသရမည်ဖြစ်သည်။