အခန်း (၇၄.၂)
4K 983 61
အခန်း (၇၄.၂) – မထိတထိလေးနဲ့ ချန်ချန်ကို စနောက်ခြင်း~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
'အပြင်လောက'မှာ ဆွေးနွေးပြောဆိုနေကြတာတွေက ဝင်္ကဘာမြို့တော် ရိုက်ကူးရေးအဖွဲ့ဆီသို့ မရောက်သေးပေ။ အခုတော့ သူတို့တွေ ရိုက်ကူးနေတာ ၂ရက်ရှိနေပီဖြစ်တာကြောင့် ရိုက်ကူးရေးလုပ်ငန်းစဉ်တွေက နောက်ဆုံးတော့ လမ်းမှန်ပေါ်သို့ ရောက်သွားပီလေ။
အဓိကဇာတ်လိုက်နှစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သတ်ပီးတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိပေ။ ဒါရိုက်တာယွမ်ကနေပီး ရုံရှီနှင့် ပေါ်ရှီဝမ်တို့ကို အဓိကဇာတ်လိုက်အဖြစ်ရွေးချယ်ခဲ့ရခြင်းက သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့်သာ အဓိကဖြစ်ပီး နာမည်ကျော်ကြားမှုက ဒုတိယသာဖြစ်သည်။ ပေါ်ရှီဝမ်နှင့် သူတရားဝင်ပူးပေါင်းမဆောင်ရွက်မှီ တစ်ဖက်လူက ဇာတ်ညွှန်းကို ဘယ်လိုလေ့လာရမှန်းမသိပေမယ့် အရမ်းကောင်းမွန်သည့်သရုပ်ဆောင်စွမ်းရည်ရှိသူတစ်ယောဆိုတာကို ရုံရှီ လုံးဝမထင်ထားမိဘူး။
ပေါ်ရှီဝမ်နှင့်ဆန့်ကျင်ဖက်အဖြစ် ဇာတ်လိုက်မင်းသမီး ရန်ရှုကျီ၏ဇာတ်ညွှန်းကတော့ ရောင်စုံအမှတ်အသားတွေနှင့် လှလှပပလေး လုပ်ထားသည်။ သို့ပေမယ့် သူမစတင်သရုပ်ဆောင်သည့်အခါ သူသည် ဆက်တိုက်ကို NGဖြစ်နေသည်။ ဒါရိုက်တာယွမ်သည် မနက်ပိုင်း၏အချိန်အများစုကို ရန်ရှုကျီအား သင်ပြပေးနေရင်းသာ ကုန်သွားရသည်။ ညနေရောက်လို့ ရန်ရှုကျီက နောက်ဆုံးတော့ ဇာတ်ကောင်ထဲ သရုပ်ဝင်သွားချိန်မှပဲ ဒါရိုက်တာယွမ်က ခေါင်းမညိမ့်ချင်ညိမ့်ချင်ဖြင့် လက်ခံပေးလိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ရှုကျီ၏အဓိကအလုပ်က သီချင်းဆိုခြင်းဖြစ်သည်။ ဒါကြောင့် သူမသရုပ်ဆောင်နိုင်မှုတွေက မျှော်လင့်ထားသလောက်ဖြစ်မလာတာ နားလည်ပေးနိုင်ပါတယ်။
သို့ပေမယ့် ခဏနားနေချိန်၌ လော့ချန်သည် ရုံရှီအား လျို့ဝှက်ချက်တစ်ခုကို တိတ်တိတ်လေးပြောပြသည်။ : "တကယ်ကလေ ဒီရန်ရှုကျီကို ကြည့်ရတာ ဒီရိုက်ကူးရေးအဖွဲ့ထဲဝင်ဖို့ ငွေသုံးထားတယ်ထင်တယ် သူမက အောင်မြင်မှုမြန်မြန်ရနိုင်တဲ့ ​ကော်မာရှယ်ရုပ်ရှင်ရဲ့ မင်းသမီးနံပါတ်တစ်ဇာတ်ကောင်နေရာကို အသေအလဲလိုချင်နေတာ ဒါကြောင့် ဝင်္ကဘာမြို့တော်မှာ သူမက ရင်းနှီးမြုပ်နှံငွေထည့်ထားတယ်"