အခန်း (၆၇.၁)
4.8K 1K 24
အခန်း (၆၇.၁) - ကြာစေ့အနှစ်နဲ့လိမ္မော်အစာသွပ်: ပေပီလည်း လှူချင်တယ်!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
["ပျောက်ဆုံးသွားသောတောင်ပံများ"က စုစုပေါင်း ၁.၀၂မီလျံတောင်ရှိတာ ဒါတွေအကုန်လုံးကို တကယ်ကြီးလှူဒါန်းလိုက်မှာလား?!]
[အရမ်းပြင်းလွန်းတယ် အဆိုတော်တွေအချင်းချင်း ပူးပေါင်းပီး ဂီတပွဲတွေလုပ် ရတဲ့ဝင်ငွေအကုန်လုံးကို လှူဒါန်းလိုက်တာကို ငါအရင်ကမြင်ဖူးပေတယ် ဒါပေမယ့် သီချင်းခွေရောင်းရတဲ့ငွေအားလုံးကို လှူဒါန်းလိုက်တာကတော့ ... အိုကေ တိတ်တိတ်လေး လက်မပေးသွားတယ်!]
["ပျောက်ဆုံးသွားသောတောင်ပံများ" ၈ရက်စုစုပေါင်း ရောင်းရတဲ့စံချိန်က ၁ မီလျံကို ကျော်သွားပီ နောက်ဆုံးတော့ ဒါက သေချာပေါက်ကို ၁.၅ မီလျံ ကျော်သွားလောက်တယ် CD တစ်ခွေက ၂၈ ယွမ်ရှိတယ် သာမန်ထုတ်လုပ်ရေးကုန်ကျစရိတ်က ၁၀ ယွမ်ပဲရှိတယ်ဆိုရင်တောင်မှ CD တစ်ခွေစီရဲ့ အမြတ်က ၁၈ ယွမ် ... မိုက်တယ်!]
အလင်းမဲ့တိမ်တိုက်များ ၏ နာမည်ကျော်ကြားမှုလေကြောင်းလမ်းနှင့်အတူ ကျောင်းချူယွမ်ဆိုတဲ့နာမည်ကို ဖန်တွေက ပိုပိုပီးသိလာကြသည်။ ကျောင်းချူယွမ်သည် လင်းရှောင်း၏အေးဂျင့်ဖြစ်ခဲ့သည်။ သူမသည် ဒီweiboပို့စ်ကိုတင်ထားမှာတော့ ဒါက သေချာပေါက် အတုအယောင်ဖြစ်မည်မဟုတ်။
ဒီတော့ ဆိုလိုတာက "ပျောက်ဆုံးသွားသောတောင်ပံများ"၏ ဝင်ငွေတွေ အကုန်လုံးကို ရုံယွမ်ဖောင်ဒေးရှင်းအား တကယ်ကြီးလှူဒါန်းလိုက်မည်ပင်။
ရုံရှီ၏ဖန်တွေအနေနဲ့ကတော့ သူတို့မိသားစုဝင်လေးရုံရုံက ဒီလိုဆုံးဖြတ်ချက်မျိုး လုပ်လိုက်မယ်လို့ ထင်တောင်မထင်ထားဘူးလေ။ ဒါပေမယ့် ဘယ်လိုဆုံးဖြတ်မှုမျိုးကိုလုပ်ပါစေ ပရဟိတလှူဒါန်းမှုနှင့်ပတ်သတ်ပီး ရုံရှီသည် သေချာပေါက်ကို တစ်ခြားသောစတားတွေထက် သာလွန်သွားပီလေ။ ဒီနေ့ဒီအချိန်ရဲ့ အနုပညာရှင်တွေအများကြီးကလည်း ဒီလိုမျိုးကဲ့သို့သော ပရဟိအဖွဲ့အစည်းတွေ ထူထောင်ကြသည်။ ဒါပေမယ့် အများစုကတော့ ထိုအဖွဲ့အစည်းတွေ၏ ပြောဆိုပိုင်ခွင့်ရှိသူအဖြစ် လုပ်ကြပီး ဖန်တွေကို လှူဒါန်းကြရန် တိုက်တွန်းအားပေးကြသည်။ တစ်ချို့သောအနုပညာရှင်တွေက ပိုရိုးသားကာ စံပြအနေနှင့် ပမာဏတစ်ခုရှိသောငွေကြေးကို လှူဒါန်းကြသည်။ တစ်ချို့သောအနုပညာရှင်တွေကတော့ ဒီတိုင်းဖန်တွေအားလုံးကိုသာ အလုပ်တွေအကုန်လုပ်စေပီး နာမည်ကောင်းရရန် အကျိုးအမြတ်ယူကြသည်။