အခန်း (၈၁.၂)
3.8K 896 17
အခန်း (၈၁.၂) – Peonyဆုပေးပွဲစတင်ခြင်း~!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Weiboပေါ်၌ #Peonyဆုပေးပွဲ# ဆိုသည့် ​ခေါင်းစဉ်အောက်ရှာကြည့်လျှင် အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း တွင်ပါဝင်သည့် သရုပ်ဆောင်တွေ၏သတင်းတွေနှင့် ပြည့်နေမည်ပေ။ ထိုထဲတွင်တော့ ရုံရှီနှင့်တန်မုန့်လန်ကြား ဖန်တွေကို ညီတူညီမျှခွဲလို့ရနိုင်သည်။ နှစ်ဖက်လုံးကတော့ သူတို့၏နတ်ဘုရား နတ်ဘုရားမအပေါ် သူတို့၏ချစ်နှစ်သက်မှုတွေကို အရူးအမူးဖော်ပြနေကြသည်။ ဒီတစ်ခေါက် ရုံရှီ၏ပွဲဦးထွက်ကာလက တိုတောင်းသေးတယ်ဆိုပေမယ့် သူ့နာမည်ကျော်ကြားမှုကိုတော့ သံသယဝင်လို့မဖြစ်ပေ။ သိပ်မကြာခင်မှာပဲ #ရုံရှီPeonyဆုပေးပွဲ# သည် ရှာဖွေမှုအများဆုံးစာရင်းထဲတွင် အဆင့်၂၀သို့တက်သွားပီး Peonyဆုပေးပွဲကြောင့် ဒီညရေပန်းစားနေသော ဆဌမမြောက်အနုပညာရှင်ဖြစ်လာတော့သည်။
အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း ရိုက်ကူးရေးအဖွဲ့မှ အခမ်းအနားပွဲသို့ တရားဝင် ဝင်ရောက်သည့်အချိန်မှာတော့ တီဗီရှေ့မှဖန်တွေသည် သူတို့၏ဆုံးရှုံးသွားမှုကို မဖုံးကွယ်နိုင်ကြပဲ သက်ပြင်းသာချနေရတော့သည်။ တစ်ဖက်မှာတော့ အခမ်းအနားမှာရှိနေကြသည့် ကံကောင်းသောပရိသတ်များထဲမှ ကျန်းစီယွီနှင့် တစ်ခြားသောရုံဖန်တို့သည် လျင်မြန်စွာမတ်တပ်ထရပ်လိုက်ပီး သူတို့ကိုယ်တိုင်လုပ်ထားသော/ဝယ်ယူထားသော မီးဆိုင်းတွေကို ဝေ့ယမ်းပြကာ စင်အောက်မှာရှိနေသည့်သူတွေထံသို့ အကျယ်ကြီးအော်ဟစ်နေကြတော့သည်။
" ရုံရုံ! ရုံရုံ!!! "
" အားးးးးးး အားးးးးးးးးးးး ရုံရုံ ငါ့ကိုကြည့်ပါ ငါဒီမှာရှိတယ်! ငါနင့်ကိုတကယ်ကြိုက်တယ်!!! "
" ရုံရုံ!!! "
အခမ်းအနားတွင်းသို့ ပထမဆုံးဝင်ရောက်လာသူကတော့ ဒါရိုက်တာကွမ်ဖြစ်ပီး နောက်မှာလိုက်လာတာကတော့ တန်မုန့်လန်နှင့်တုန်ကျန်းတို့ဖြစ်သည်။ ရုံရှီကတော့ ရိုက်ကူးရေးအဖွဲ့ကို ယဲ့ချောင်နှင့်အတူဝင်ရောက်လာပီး ယဲ့ချောင်က သူ့အား အနားကိုခေါ်ထားကာ သူ(ယဲ့ချောင်)လက်ရှိရိုက်ကူးနေသည့်ဇာတ်ကားအကြောင်းကို ပြောပြနေသည်။ ဒါကစစ်ကားတစ်ကားဖြစ်ပီး ယဲ့ချောင်သည် သူ့ပုံရိပ်ကိုပြောင်းလဲချင်တာကြောင့် ခက်ထန်ကြမ်းတမ်းသည့်ယောက်ျားတစ်ယောက်ပုံရိပ်ထွက်လာအောင် ကြိုးစားနေတာဖြစ်သည်။