အခန်း (၄၅.၂)
6.5K 1.4K 42
#ဟန်ယန်ဟောက် ဆိုသည့် hashtag သည် ချက်ချင်းပဲ ဒီနေ့အတွက် ခေါင်းကြီးပိုင်းကိုဖြစ်သွားတော့သည်။ ဖန်ပေါင်းများစွာက သူ့အား မာန်မဲ ဆဲဆိုကြပီး အနုပညာလောကထဲကနေ ထွက်သွားဖို့ အထိပါ အော်ဟစ်လာကြတော့သည်။ နဂိုကတော့ ဒီပွဲကြီးကို ဘေးက ပရိသတ်အနေနှင့် ကြည့်နေသူများကလည်း ဟန်ယန်ဟောက်ဖန်တွေ၏ အယုတ္တအနတ္တစကားတွေကြောင့် သူတို့သည် ဒီဟန်သမားလိုလုပ်နေသည့်စတားကို စတင်မုန်းတီးလာတော့သည်။
ဟန်ယန်ဟောက်သည် သူဝယ်ထားသည့်ရေတပ်အကောင့်တွေအားလုံးဆီကနေ လက်ယုတ်လိုက်ပေမယ့် ဒါက နောက်ကျနေပီလေ။ ဒီရက်တွေတစ်လျှောက်လုံး ရုံရှီ၏ဖန်တွေက တကယ်ပဲညမအိပ်ပဲနေမယ်ဆိုတာ သူဘယ်လိုလုပ်ပီး ထင်မိမှာလဲ။ ဖန်ပေါင်းရာကျော်က အတူလက်တွဲပီး ရေတပ်အကောင့်တွေအများကြီးကို ဖော်ထုတ်လိုက်ပီး အရမ်းကိုထိတ်လန့်သွားစေမည့် နိဂုံးချုပ်တစ်ခုကို ရလာသည်——
မနေ့က ဟန်ယန်ဟောက်ကို ထောက်ခံပါသည်ဆိုသည့်လူတွေ၏ ထက်ဝက်ကျော်လောက်က ရေတပ်တွေဖြစ်သည်!
နောက်ပီး ဒီရေတပ်နှင့် ရုံရှီ၊ "အလင်းမဲ့တိမ်တိုက်များ"ရိုက်ကူးရေးအဖွဲ့ကို နာမည်ဖျက်ချင်နေသည့်blackspotတွေက အရမ်းကိုမှ တူလွန်းနေသည်!
အကောင့်အိုင်ဒီတွေတူနေတာ သိပ်မရှိပေမယ့် သူတို့forward, commend, likeတွေ က အကုန်တူနေသည်။ ဥပမာပြောရရင် အကောင့်Aကနေပီး စတားတစ်ယောက်၏ဆယ်ဖီကို ဇန်နဝါရီ၃ရက်က forwardလုပ်ထားသည်။ အကောင့်Bက ထိုပုံကိုပဲ ထိုညမှာ တကယ်ကြီးforwardလုပ်ထားကာ သူတို့ပေးထားသည့်ကွန်မန့်တွေကလည်း စကားလုံးလေးတစ်လုံးနှစ်လုံးလောက်သာ ကွာသွားသည်!
【ရုံရုံကို နာမည်ဖျက်ချင်နေတဲ့ရေတပ်က ကတယ်ပဲ ဟန်ယန်ဟောက်လူတွေတော့ မဟုတ်လောက်ဘူးမလား? ဘယ်လောက်ကြီးမားတဲ့အညိုးတွေအမုန်းတွေလဲ သူက ရုံရုံကို ရိုက်ကူးရေးအဖွဲ့ထဲမှာ အနိုင်ကျင့်ပီး အဖွဲ့ထဲကလည်း ထုတ်ချင်တယ် အခု သူတို့က အတူတွဲပီးရိုက်ကူးရေးလုပ်နေတာမဟုတ်တော့တာတောင်မှ သူက ရေတပ်ဝယ်ပီး ရုံရုံကိုနာမည်ဖျက်တယ် ... eh? သူက ရုံရုံကို မနာလိုဖြစ်နေလို့ နာမည်မြုပ်သွားအောင်လုပ်ချင်နေတာတော့ မဟုတ်ဘူးမလား?!】