အခန်း (၄)
12.5K 1.8K 33
အခန်း (၄)
ကားသည် ဂိုဒေါင်အတွင်းသို့ ဖြည်းဖြည်းချင်းဝင်သွားသည်။ ရုံရှီသည် အရင်ဆင်းနှင့်ပီးတော့ အိမ်ထဲသို့ဝင်လိုက်သည်။ ဒါပေမယ့် သူသည် ခြေလှမ်းတဝက်တောင်မလှမ်းရသေးခင်မှာပဲ နားထဲကိုစူးရှသွားစေသည့်မိန်းမတစ်ယောက်၏အသံကို ရုတ်တရပ်ကြားလိုက်ရသည်။
“ပစ္စည်းတွေကို ဘယ်လိုကိုင်နေတာလဲ ဝမ်မားမား ကျွန်မရဲ့ကြွေပန်းအိုေးတွကို ကိုင်ရင် သတိထားမှပေါ့ မပြုတ်ကျစေနဲ့ အား ကျွန်မပြောနေတယ်လေ သတိထားကိုင်ပါဆိုနေ ညင်ညင်သာသာလေးကိုင် နားလည်လား”
ထိုအသံသည် အရမ်းကိုစူးလွန်းသည့်အတွက် နားတောင်အူသွားသလိုပင်။ ရုံရှီအထဲသို့ဝင်သွားချိန်မှာတော့ ထိုဈေးကြီးသည့်အဝတ်အစားများဝတ်ဆင်ထားသည့်သက်လတ်ပိုင်းအမျိုးသမီးသည် လှည့်လာပီး သူ့ကိုတန်းမြင်သွားသည်။ ထိုမိန်းမ၏ပုံစံသည် ဆွဲဆောင်မှုတော့ရှိသည်။ ကျောက်စိမ်းနှင့်ပုလဲရောထားသည့်လည်ဆွဲကို ဆွဲထားပီး သူမလက်ကောက်ဝတ်သည် ရုံရှီလက်ကောက်ဝတ်၏နှစ်ဆလောက်ကိုရှိသည်။
ကြည့်ရတာ သူမသည် ထိုကောင်လေးကိုသေချာမမြင်ရလို့ပဲလား သူ့၏လက်ရှိပုံစံကပဲ သူမကို အရမ်းအံ့သြသွားစေလို့ပဲလားတော့ မသိပါဘူး သူမသည် အချိန်တော်တော်ကြာသွားပီးမှ သူမသည်လျင်မြန်စွာမျက်တောင်ကိုခတ်လိုက်ပီး အသံစူးစူးဖြင့်လှောင်ပြောင်လာသည်။ “ယို့ နာမည်ကြီးသခင်လေးကပြန်လာပီလား? မင်းကိုလက်ခံပေးဖို့တစ်ယောက်ယောက်ကို ဘာလို့မရှာတာလဲ အိမ်တော်ထိန်းတုအန်း ရှင်ကို ကျွန်မတို့က ဘာလို့ပိုက်ဆံပေးပီးခန့်ထားတယ်ထင်နေလဲ ရှင်က ဘယ်လိုလုပ်ပီး ကျွန်မတို့ရဲ့ရှောင်ရှီလေးကို သူ့ခြေထောက်နဲ့သူလျှောက်ဝင်လာရအောင်လုပ်ရတာလဲ”
ရုံရှီ၏စိတ်ထဲတွင်တော့ ဒါက အနည်းငယ်ရယ်ချင်စရာကောင်းနေသည်လို့ ရုတ်တရပ်ခံစားလိုက်ရပီး သူသည် “ဒုတိယဒေါ်လေး” ဟုသာ အသာခေါ်လိုက်ပီးနောက် လှည့်သွားပီး အပေါ်ထပ်သို့တက်သွားလိုက်သည်။
သူသည် ခြေလှမ်းတောင် နည်းနည်းပဲလှမ်းရသေးသည် ထိုမိန်းမ၏အသံကို ထပ်ကြားလိုက်သည်။ “မင်းအတွက် ညနေစာကို မီးဖိုခန်းထဲမှာ ချန်ထားတယ် ဒီအဒေါ်က မင်းကိုနှိပ်စက်နေတယ်လို့တော့မပြောနဲ့နော် မင်းကအခုမှဖွံ့ဖြိုးဆဲအရွယ်လေးပဲရှိသေးတာဆိုတော့ သေချာပေါက် အစားကို ပိုပီးစားပေးရမယ်လေ ဟုတ်ပီလား”