အခန်း (၇၃.၁)
5K 1.1K 128
အခန်း (၇၃.၁) –
ရုံရှီ : တကယ်ကိုအရမ်းကြည့်ကောင်းတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောင်းကင်ပေါ်ကနေကျလာတဲ့ မျက်စိပသာဒဖြစ်စရာမြင်ကွင်းလေးက အဆုံးသတ်မရောက်ခင် ၃မိနစ်လေးသာ ကြာလိုက်သည်။
ရုံရှီသည် ဖုန်းအောက်တွင်ရှိနေသည့် အဝတ်အစားတွေကို လှမ်းယူလိုက်တာကြောင့် အဝတ်အစားတွေ၏ အထောက်အပံ့မရှိတော့သည့်အခါ ဖုန်းက ဘေစင်ပေါ်တွင် အပြားလိုက်လေးဖြစ်သွားသည်။ အဲ့ဒီတော့ သမုဒ္ဒရာတစ်ဖက်ခြမ်းတွင်ရှိသည့် အမျိုးသား၏ဖုန်းမျက်နှာပြင်တွင်လည်းပဲ မှုန်ဝါးဝါး မျက်နှာကြပ်အဖြူရောင်သာ ရှိတော့သည်။
ချင်းချန် : "......"
ရုံရှီသည် သူ့အဝတ်တွေကို မြန်မြန်လေးဝတ်လိုက်ပီး ဆံပင်တွေကိုလည်း သုတ်လိုက်သည်။ လုပ်စရာတွေအကုန်လုပ်ပီးသွားတော့မှသာ သူသည် ဖုန်းကို ယူလိုက်ပီး ကြည့်လိုက်တော့ ချင်းချန်သည် ဇာတ်ညွှန်းကို တည်ငြိမ်သည့်အမူအရာဖြင့် ကြည့်နေပီး ဖုန်းကိုကြည့်မနေတာအား မြင်လိုက်ရသည်။
ရုံရှီသည် ပြုံးပီး ပြောလိုက်သည်။ : "ကျွန်တော်ပီးပီ ချင်းချန် ဒီည ကျွန်တော့်ဆီ ဖုန်းခေါ်တာ ကိစ္စတစ်ခုခုရှိလို့လား?"
ရုံရှီ၏အသံကိုကြားလိုက်ရတော့ အမျိုးသားသည် ဘာအမူအရာမှမပေါ်သည့်မျက်နှာဖြင့် လက်ထဲက ဇာတ်ညွှန်းကို ဘေးချလိုက်ပီး ဖုန်းမျက်နှာပြင်ကို ကြည့်လာတော့သည်။ သူကြည့်လိုက်သည့်အချိန်မှာတော့ အသားဖြူဖွေးပီးချောမောသည့်လူငယ်လေးက လက်တစ်ဖက်ဖြင့် ဆံပင်ကိုသုတ်နေတာကိုသာ မြင်လိုက်ရသည်။ သူ့အသားက အနည်းငယ်အလင်းဖောက်နိုင်သလိုရှိပီး သူ့မျက်လုံးတွေက နက်မှောင်တောက်ပနေကာ ရွှန်းလဲ့သည့်အရောင်လေး လင်းဖြာနေသလိုလို။
ချင်းချန်သည် နှုတ်ခမ်းကို အနည်းငယ်တင်းအောင်စေ့လိုက်ပီး မေးလိုက်သည်။ : "မင်း အစောနက ချော်လဲတာ ဒဏ်ရာရသွားသေးလား?"
တစ်ဖက်လူက မေးခွန်းကိုခေါင်းရှောင်နေတာအား သတိမမူမိပဲ ရုံရှီသည် ပြုံးကာ ပြောလိုက်သည်။ : "ဘာမှမဖြစ်သွားပါဘူး အဲ့တုန်းက ကျွန်တော် သေချာမတ်တပ်မရပ်လိုက်မိလို့ဖြစ်သွားတာပါ"