အခန်း (၉၅.၁)

3.9K 664 41
                                    

အခန်း (၉၅.၁) - ပန်းထိုးသည်၊ ပြီးဆုံး
~~~~~~~~~~~~~~~~~~~~~~~~~

လောင်လျို့သည် သူ့ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထုတ်လုပ်ရေးအကြီးစားရုပ်ရှင်ပေါင်းများစွာကို ဖန်တီးခဲ့သည်။

ဒီဟွားရှ၏ထိပ်တန်းဒါရိုက်တာက လူထောင်သောင်းချီပါဝင်သည့် စစ်ပွဲကြီးအကြောင်းလည်း ရိုက်ကူးခဲ့သလို လမ်းမကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်သည့်ဇာတ်ဝင်ခန်းလိုမျိုးလည်း ရိုက်ကူးခဲ့သည်။ ထိုနည်းတူ ပန်းထိုးသည်၏နောက်ဆုံးဇာတ်သိမ်းခန်းကလည်းပဲ သေးသေးမွှားမွှားအခန်းလေးမဟုတ်ပဲ ဖြတ်လျှောက်သရုပ်ဆောင်အယောက်၃၀၀ကျော် ပါဝင်လေသည်။ 

ရိုက်ကူးရေးအဖွဲ့သည် ရုပ်ရှင်မြို့တော်အတွင်းက နန်းတော်ခန်းမတစ်ခုလုံးကို ငှားရမ်းထားသည်။ နန်းတော်ရှေ့က ရင်ပြင်ကျယ်ကြီးအတွင်း၌ ဝန်ကြီးဝန်မင်းတွေက ကြမ်းပေါ်တွင် ဘယ်ညာ ဒူးထောက်လျက်ရှိသည်။ တကယ်လို့သာ အခုချိန် ရိုက်ကွင်းထဲကိုသာ သင်ကြည့်လိုက်မည်ဆိုပါက လူ့ဦးခေါင်းတွေပဲကိုသာ မြင်ရနိုင်မည်ဖြစ်သည်။ 

ရွှေရောင်လွှမ်းနေသည့်လျွမ်ခန်းမရှေ့၌ ဧကရာဇ်မင်းကြီးသည် သူ့လက်ထဲတွင် အေးစက်နေသည့်ကျောက်စိမ်းတံဆိပ်တော်ကို ကိုင်ထားရင်း မင်းမှုထမ်းပေါင်းရာကျော်တွေကြားထဲ၌ ဒူးထောက်အရိုသေပေးနေသည့် အမျိုးသမီးအား အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ 

ရိုက်ကွင်းပေါ်က အိမ်ရှေ့စံမင်းသားသည် ခန့်ညားတင့်တယ်သည် စပါးအုံးဝတ်ရုံကို ဆင်မြန်းထားပြီး ဧကရာဇ်ရှေ့တွင် တူညီစွာဖြင့်ပင် ဒူးထောက်အရိုအသေပေးနေပုံက ထူးခြားသည့်ဘာတစ်ခုကိုမှ မကြားလိုက်သည့်အတိုင်းပင်။ 

အေးစက်စက်လေတစ်ချက်က ခန်းမကြီးထဲတွင် ဖြတ်သန်းတိုက်ခတ်သွားကာ စူးရှသည့်လေတိုးသံကို ဖြစ်သွားစေသည်။ 

ရှန့်ရှန်းကျွင်းသည် ကျောက်ပြာကျောက်ပြားပေါ်တွင် ဒူးထောက်နေဆဲရှိကာ သူမလက်ထဲတွင်တော့ သွေးပေနေသည့်ငါးပျံဝတ်ရုံကို ကိုင်ထားလေသည်။ သူမသည် သူမခေါင်းကိုငုံ့လိုက်ပြီး ငိုကြွေးရင်း သူမစကားတွေကို ရပ်ထားလိုက်ပြီး ဧကရာဇ်မင်းကြီး စဉ်းစားဆုံးဖြတ်နိုင်ရန် အချိန်ပေးလိုက်သည်။ ဒီအခန်းကို လေ့လာစူးစမ်းနေသည့် ပြည်သူတွေ မင်းမှုထမ်းစစ်သည်ရဲမက်တွေလည်းပဲ စကားတစ်ခွန်းမှမပြောရဲတာကြောင့် သူတို့ခေါင်းတွေကိုသာ ငုံ့ထားလိုက်ကြသည်။ ဧကရာဇ်မင်းကြီးသည် ပတ်ပတ်လည်ကို ဝေ့ဝိုင်ကြည့်လိုက်ပြီးနောက် သူ့၏နာမကျန်းဖြစ်နေသည့် ဖြူဖျော့ဖျော့မျက်နှာက ခံစားချက်နက်နဲသွားတော့သည်။ အချိန်အတော်ကြာသွားတော့မှ သူ့၏တုန်ယင်ပူဆွေးနေသည့်အသံက ခန်းမထဲတွင် ပဲ့တင်ထွက်လာသည်။ 

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now