အခန်း (၉၅.၃)

4.2K 568 73
                                    

အခန်း (၉၅.၃) – ပန်းထိုးသည် ၊ ပြီးဆုံး 
~~~~~~~~~~~~~~~~~~~~~~~~~~

ဇာတ်ဝင်ခန်းက ဒီနေရာမှာတင် အဆုံးသတ်သွားသည်။ 

ဧကရာဇ်ဇာတ်ကောင်နေရာတွင်သရုပ်ဆောင်သော ဝါရင့်သရုပ်ဆောင်သည် ရုံရှီအား တင်းကြပ်စွာဖက်ထားရင်း ခါးသီးစွာငိုကြွေးနေသည်။ ဘယ်လိုပင်နေနေ အရိုးထိအောင် သရုပ်ဆောင်စွမ်းရည်တွေ စိမ့်ဝင်နေသည့်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် ဒီလို ခါးသီးနာကျင်စွာငိုကြွေးနေသည့်အခန်းကို သရုပ်ဆောင်ပြသည်အခါမှာတော့ ကြည့်ရှုသူတွေ၏နှလုံးသားကိုတောင် နာကျင်စေလာပြီး ဒီလိုနာကျင်မှုမျိုးကို မျက်စိမှိတ်ထားလျှင်တောင်မှ ခံစားလို့ရနိုင်သည်။ 

"သေသွားသည့်သူကိုဖက်ထားရင်းငိုရသည့်အခန်း"အကြောင်းပြောနေရင်းမှ ရုံရှီလည်း ဒီလိုအခန်းမျိုး အရင်က တစ်ကြိမ်ရိုက်ကူးဖူးသည်။ ထိုအချိန် "အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း"တွင် တုန်လိလန်သည် သေသွားသည့်ဝမ်ချီယောင်အား ဖက်ထားပြီး ငိုကြွေးနေသည့်အခန်းကို ရိုက်ကူးခဲ့သေးသည်။ ထိုအခန်းရိုက်ကူးတုန်းက ယဲ့ချောင်မှာ NGတွေ ထပ်ခါထပ်ခါဖြစ်နေလို့ ဒါရိုက်တာကွမ်ကိုတောင် တော်တော်လေးစိတ်ခုသွားစေတာကို ရုံရှီသေသေချာချာလေး မှတ်မိနေသေးသည်။ 

သော်ငြားလည်း ဒီလိုငိုကြွေးရသည့်အခန်းက ယဲ့ချောင်လိုလူသစ်တစ်ယောက်အတွက် ခက်ခဲတယ်လို့ ယူဆလို့ရသော်လည်း ဝါရင့်သရုပ်ဆောင်တစ်ယာက်အတွက်ကမူ တစ်ခါတည်းရိုက်ကူးရုံနှင့် ပြည့်စုံနိုင်သည်။ 

လောင်လျို့ကနေပြီး ဒီဇာတ်ဝင်ခန်းကို ထပ်မံရိုက်ကူးရန်မလိုတော့ကြောင်းပြောသည့်အခါမှ ရုံရှီလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ပြီး လော့ချန်မှာလည်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တီးတိုးလေး ပြောလာလေသည်။ : "ပြီးသွားပြီ!" 

ရုံရှီသည် သူမကိုလှည့်ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ခေါင်းညိမ့်ပြကာ : "အင်း ပြီးသွားပြီ" 

ထိုစကားတွေကိုကြားလိုက်ရတော့ လော့ချန်သည် ပျော်ရွှင်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီးနောက်တော့ သူမစိတ်လှုပ်ရှားမှုတွေကို ဘေးဖယ်ထားကာ ရုံရှီ၏သွေးစွန်းနေသောခန္တာကိုယ်ကိုကြည့်လိုက်ပြီး မခံစားနိုင်စွာဖြင့် ပြောလိုက်သည်။ : "ရုံရုံ နင့်အဝတ်အစားတွေကို မြန်မြန်လေးလဲလိုက်ရအောင်..." 

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now