အခန်း (၆၈.၁)
6.2K 1.1K 54
အခန်း (၆၈.၁) – ချောမောလှပတဲ့ အိမ်နားက အနိုင်ကျင့်သူကြီးရေ ခြေချင်းပျောက်နေတာလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ပျောက်ဆုံးသွားသောတောင်ပံများ"ထွက်ပီးတာ ၁၀ရက်ရှိသွားပီဖြစ်ပီး စုစုပေါင်းရောင်းချနိုင်မှုအရေအတွက်က ၁.၁၉ မီလျံ ကို ရောက်သွားပီဖြစ်သည်။
ဒီကမ္ဘာရဲ့ဟွားရှတွင် မူပိုင်ခွင့်သက်ရောက်မှုက တော်တော်လေးကိုပြင်းထန်သည်။ ဒါကြောင့် ဒီ၁၀ရက်လုံးတွင် အခွေရောင်းချနိုင်မှုက ၁ မီလျံ ထက်ကျော်သွားပေမယ့် အင်တာနက်ပေါ်တွင် "ပျောက်ဆုံးသွားသောတောင်ပံများ"အတွက် MV တစ်ခုလေးတောင်မရှိသေးပေ။ တရားဝင်အဖွဲ့ကနေပီး MVကို တရားဝင်လူရှေ့ချပြသည့်အခါမှသာ တရားဝင်ထွက်လာတော့သည်။
ပြောခဲ့သလိုပင်။ ရန်ကျီယောင်သည် အရောင်အသွေးကို အရမ်းကောင်းမွန်အောင် ထိန်းချုပ်နိုင်သည့် ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် အမျိုးသားဒါရိုက်တာတွေထက် အသေးစိတ်ထိတွေ့ပြင်ဆင်မှုတွေကအစ ပိုပီးအနုစိတ်ပီး အရောင်အသွေးမတူညီမှုတွေနှင့် အလင်းအမှောင်ကို ပိုကောင်းအောင် ဆုပ်ကိုင်နိုင်သည်။ ဒါက သူမရဲ့အားသာချက်ပင်။
ရန်ကျီယောင်ကနေပီး ထုတ်လုပ်သမျှ ကြေငြာတွေအားလုံးက အရောင်အသွေးပိုင်းတွင် ကြွယ်ဝပီး လေးနက်သည်။ သူမရိုက်ကူးသည့်လက်အောက်တွင် ဆန့်ကျင်ဖက်အရောင်နှစ်ခုက အမြဲတမ်းလို လှပသည့်ပုံရိပ်လေးပုံပေါ်လာပီး အရမ်းကိုဖက်ရှင်ကျသည့်အနေအထားကို ဖြစ်သွားစေသည်။
ဒီတစ်ခေါက်တော့ "ပျောက်ဆုံးသွားသောတောင်ပံများ" MV ထွက်လာမည်ဆိုတာကို အင်တာနက်ပေါ်တွင် ကြေညာလိုက်သည့်အချိန်တွင်တော့ ဖန်ပေါင်းများစွာ၏အာရုံကို ချက်ချင်းပဲဖမ်းစားလိုက်နိုင်သည်။
MV ကို ဖွင့်လိုက်သည်နှင့် မြင်ကွင်းပေါ်တွင် လျို့ဝှက်ထူးဆန်းသည့်အလင်းရောင်ပြင်ကျယ်ကြီးက ပေါ်လာသည်။ မှုန်ဝါးဝါးအရောင်နှင့် မြို့ပြတစ်ခုလုံး၏ ရှုပ်ထွေးစွာလည်ပတ်နေသည့်မြင်ကွင်းက ရေခဲပါးပါးလေးတင်နေသည့် မှန်ချပ်ပါးပါးလေးနှင့် ခြားထားသည့်အတိုင်းဖြစ်နေတာကြောင့် ဒါက လှပပီးစိတ်ကူးယဉ်ဆန်သည့်မြင်ကွင်းလေးတစ်ခုလိုပင်။ အစစ်အမှန်အတိုင်းလို့ မခံစားစေရပေ။