အခန်း (၄၉.၁)
6.3K 1.4K 69
အခန်း (၄၉) – သူ့ရင်ခွင်ထဲက နူးညံ့မွှေးပျံ့နေတဲ့ကိုယ်လုံးလေး~
Eng Translator: Vian
~~~~~~~~~~~~~~~~~~
ချင်းချန်၏ "အခုပဲရေချိုးတော့မှာ"လို့ပြောသွားတာ မိနစ်ငါးဆယ်ကြာသွားပီးမှပဲ သူသည် ရေချိုးခန်းထဲက ထွက်လာတော့သည်။
ချင်းချန်ရေချိုးခန်းထဲကထွက်လာသည့်ချိန် ရုံရှီသည် ခေါင်းငုံပီး တစ်ယောက်ယောက်ကို messageပို့နေသည်။ တံခါးဖွင့်သံကြားလိုက်တာကြောင့် မော့ကြည့်လိုက်တော့ ချောမောပီး ဘာခံစားချက်မှမဖော်ပြသည့်မျက်နှာကိုတွေ့လိုက်ရသည်။ သူသည် အနည်းငယ်လန့်သွားပေမယ့် မြန်မြန်ပဲပြုံးပြလိုက်ပီး "ခင်ဗျားဆံပင်ခြောက်အောင် ကျွန်တော်လုပ်ပေးမယ်"
ချင်းချန်သည် ခပ်တိုးတိုးအသံတစ်ခုသာပြန်ပေးလိုက်ပီး အရမ်းတည်ငြိမ်ပုံလည်းပေါ်ကာ မှားယွင်းနေတာတစ်ခုမှမရှိသည့်အတိုင်းပင်။
တခြားသူတစ်ယောက်၏ဆံပင်ကိုခြောက်အောင်လုပ်ပေးတယ်ဆိုတာက ကြည့်တော့သာ လွယ်သလိုလိုနှင့် တကယ်တမ်းလုပ်ကြည့်အခါမှာတော့ ဒါက ကိုယ်နှစ်ခုအရမ်းကိုနီးကပ်နေသည့်အနေအထားမျိုးဖြစ်သည်။ လူငယ်လေး၏လက်ချောင်းများက သူ့ဆံပင်တွေကြားထဲ ပွတ်သပ်သွားပီး သူ့ဦးရေတစ်ခါတစ်ခါလာထိသည့်အခါ ချင်းချန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပီး သူ့ဖုန်းကိုသာ တည်တည်ငြိမ်ငြိမ်ငုံ့ကြည့်နေလိုက်ပီး သတင်းတွေကို အပျင်းပြေဖတ်နေသလို ဟန်ဆောင်နေလိုက်သည်။
ရုံရှီကတော့ တစ်ယောက်သောသူကဲ့သို့ တစ်ခြားသူရဲ့ဖုန်းကို ခိုးမကြည့်တတ်ဘူးလေ။ သူသည် ချင်းချန်ဆံပင်တွေခြောက်သွားဖို့အတွက်သာ အာရုံတစ်ခုတည်းထားထားပီး ချင်းချန်ဖုန်းပေါ်က အကြောင်းအရာတွေကို သတိမထားမိပေ။ တစ်ယောက်က သတင်းတွေဖတ်ချင်ယောင်ဆောင်ပီး တစ်ယောက်ကတော့ ဆံပင်ခြောက်သွားအောင် သေချာလေးလုပ်ပေးနေသည်။ ငါးမိနစ်ကြာပီးနောက် ဒီလိုအနည်းငယ်ကြောင်တောင်တောင်နိုင်သည့်ကိစ္စက ပီးသွားတော့သည်။
ရုံရှီလက်က သူ့ဆံပင်ကနေ ဖယ်သွားတော့မှသာ ချင်းချန်သည် စိတ်သက်သာရာရသွားသလို သက်ပျင်းချလိုက်နိုင်တော့သည်။