အခန်း (၅၈.၁)
5.7K 1.3K 29
အခန်း (၅၈.၁) – ပျောက်ဆုံးသွားသောတောင်ပံများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[#အလင်းမဲ့တိမ်တိုက်များ QAQ ဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲ! အရင်တုန်းကတော့ ငါက လင်းရှောင်းရဲ့ဖန်မဟုတ်ပေမယ့် ဒီရုပ်ရှင်ကိုကြည့်ပီးသွားတဲ့နောက်တော့ ငါသူ့ကိုတကယ်လေးစားတယ်! ဖန်အဖြစ်ပြောင်းပီ ဖန်အဖြစ်ပြောင်းပီ! ဒီထဲမှာ ရုံရုံက တကယ့်ကိုချောပီး အရမ်းကြည့်ကောင်းတယ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ဥက္ကဌပုံစံမျိုးလဲမဟုတ်သလို အေးစက်စက်နဲ့အနားကပ်လို့မလွယ်တဲ့ပုံစံလည်းမဟုတ်ဘူး! ဒီတိုင်းကို အရမ်း အရမ်း ကြည့်ကောင်းတယ်!!!]
[#အလင်းမဲ့တိမ်တိုက်များ ရုံရှီငိုနေတာကို ငါမြင်နေရတော့ ငါပါလိုက်ငိုမိတယ် ... နေလို့ကိုမကောင်းဘူး ... ဘာလို့ကောင်းတဲ့သူတွေက ဇာတ်သိမ်းကောင်းကောင်းမရှိကြတာလဲ ...]
[#အလင်းမဲ့တိမ်တိုက်များ အစကတော့ ငါဒီရုပ်ရှင်ကိုကြည့်တာ နတ်ဘုရားမဂျနီဖာအတွက်ကြည့်တာပဲ ဒါပေမယ့် ငါမထင်ထားတာက ဒီနှလုံးအနက်နဲ့ရိုက်ကူးရေးအဖွဲ့တွေ ငါ့နတ်ဘုရားမက မူရင်းထွေလာထဲကအတိုင်း တကယ်ကို၃စက္ကန့်ပဲပါတယ် အစကတော့ ဒီလိုမရိုးမသားနဲ့လှည့်စားတဲ့ရိုက်ကူးရေးအဖွဲ့ကို ငါတကယ်ဆဲချင်ပေမယ့် ဒီဇာတ်ကားက တကယ့်ကိုအတိုင်းထက်အလွန်ပဲ ငါ့နားကလူတိုင်းငိုကုန်ကြတယ် ကြည့်ရတာ ငါ့နားတဝိုက်အကုန်လုံးက လင်းရှောင်းဖန်တွေထင်ပါတယ် နောက်ဆုံးမှာ အကုန်လုံးက 'ရုံရှီအရမ်းသရုပ်ဆောင်ကောင်းတယ်'ဆိုပီး ပြောနေကြတယ် အင်း ငါလည်း နည်းနည်းငိုမိတယ် နည်းနည်းပဲ]
မြောက်များစွာသောချီးမွမ်းပြောဆိုသံတွေက အင်တာနက်အသိုင်းအဝိုင်းတစ်ခုလုံးမှာ တစ်နေ့လုံးအပြည့်ပင်။ အဓိကဖိုရမ်တွေထဲတွင် လူတိုင်းက အလင်းမဲ့တိမ်တိုက်များ အကြောင်းကိုသာ ပြောနေကြသည်။
မနက်ခင်းကလည်းကျော်လွန်သွားပီး ဇာတ်ကားသည် ရုပ်ရှင်ရုံတွင် ၃ကြိမ်တောင်ပြပီးသွားပီ။ မနက်၃နာရီကနေ၄နာရီပြသချိန်တွင် ရုပ်ရှင်ရုံကြီးတော်တော်များများတွင် ထိုင်ခုံနေရာသုံးပုံတစ်ပုံက လူအပြည့်ပင်။ မြို့ငယ်လေးတွေမှာတော့ မနက်ပိုင်းစောစောတွင် အလင်းမဲ့တိမ်တိုက်များကို ပြသသည့် ရုပ်ရှင်ရုံက တစ်ခုတည်းရှိတာကြောင့် လာရောက်ကြည့်ရှုသူအရေအတွက်က တကယ့်ကိုအံ့သြထိတ်လန့်စရာပင်။