အခန်း (၄၅.၁)
6.2K 1.4K 16
အခန်း (၄၅) - အနုပညာလောကထဲကနေထွက်သွား နှင့် "အလင်းမဲ့တိမ်တိုက်များ" ရိုက်ကူးရေး အပီးသတ်~
~~~~~~~~~~~~~~~~~~~~~~~
English Translator: Vian
~~~~~~~~~~~~~~
ဟန်ယန်ဟောက် ဟန်သမားကိစ္စက အခုထိပြောနေကြတုန်းဆိုပေမယ့် တကယ်တမ်းမှာတော့ ပြောရရင် ကိစ္စက တစ်ဖြည်းဖြည်းချင်း လူပြောနည်းလာပီဖြစ်သည်။
သူက ဟန်သမားဖြစ်ကြောင်း စပြောသည့်ဖက်ကနေလည်း ဆက်ပီးလှုပ်ရှားမှုကြီးကြီးမားမားတွေမလုပ်တော့သည့်အပြင် ဟန်ယန်ဟောက်ကလည်း သူ့ရဲ့ "တရားမျှတမှုဆိုတာ လူတွေရဲ့ စိတ်နှလုံးထဲမှာပဲ ရှိပါတယ်"ဆိုသည့်အပြောဖြင့်သာ သူ့ရိုးသားမှုကို သက်သေပြတယ်ဆိုပီး ထားထားသည်လေ။
ပြောရရင် ဒီစတားတွေကလည်းပဲ ရေတွင်းထဲကို ကျောက်ခဲတွေဆက်တိုက်ပစ်ချနေမှာလဲမဟုတ်ဘူးလေ။
အရင်ကပြောခဲ့သလိုပဲ အနုပညာလောကဆိုသည်မှာ မူးယစ်ဆေးကဲ့သို့သော လူလက်မခံနိုင်သည့်ကိစ္စမဟုတ်လျှင် ဘယ်သူကမှ ကြီးကြီးကျယ်ကျယ်လုပ်ပြောနေမည်မဟုတ်။ ဘာကြောင့်ဆို တစ်ခုခုဖြစ်လာမယ့် နောက်တစ်ယောက်က သူတို့များလားဆိုတာ ဘယ်သူမှမသိနိုင်တာကြောင့်ပင်။ တစ်ဖက်လူကို လွတ်လမ်းတစ်ခုပေးလိုက်တာကလည်း ကိုယ်ကိုယ်တိုင်နောက်တစ်လှမ်းဆုတ်ဖို့ လမ်းတစ်ခုလည်းဖြစ်သည်လေ။
ဘယ်လိုပဲဖြစ်ဖြစ်ပါစေ ဒီကိစ္စပီးသည်နှင့် ဟန်ယန်ဟောက်၏နာမည်က တော်တော်လေးထိခိုက်သွားပီဖြစ်ပီး သက်ရောက်မှုကလည်း တော်တော်ကြီးမားသွားပီဖြစ်တာကြောင့် သူသည် နောက်နှစ်အနည်းငယ်အတွင်း ပထမအဆင့်ကို ပြန်မရနိုင်တော့လောက်တာက သေချာသလောက်ရှိသွားပီဟု ယူဆလို့ရသည်။
ဒါပေမယ့် အခုတော့ "Ambush"ရိုက်ကူးရေးအဖွဲ့ကနေပီး ရှေ့ထွက်လာကာ ပိုစ့်တစ်ခုကို တည့်ကြီးတင်လာသည်လေ။ ဟန်ယန်ဟောက်ကို တိုက်ရိုက်လက်ညိုးထိုးပီး : မင်းက လိမ်ပြောနေတာပဲ! မင်းက ဟန်သမားလို ဟန်လုပ်သရုပ်ဆောင်နေပီးတော့ 'တရားမျှတမှုဆိုတာ လူတွေရဲ့စိတ်နှလုံးထဲမှာပဲ ရှိပါတယ်'ဆိုပီး ပြောရဲသေးတယ်! မင်းက တကယ့်ကို အသိတရားမရှိတာပဲ! ဆိုပီး မပြောရုံပဲရှိသည်လေ။