အခန်း (၈)
11.1K 1.8K 187
အခန်း (၈)
ရုံရှီ၏အကြည့်တို့က သူမကိုယ်သူမအပြစ်တွေ ထပ်ကာတလဲလဲတင်နေသည့် အမျိုးသမီးဆီကနေ ဘေးနားတွင် တိတ်တဆိတ်ရပ်နေသည့်အိမ်တော်ထိန်းတုအန်းဆီသို့ ရောက်သွားသည်။ ထိုအခါမှ ရုံရှီ သတိထားမိသွားတာက ဒီဧည့်ခန်းတွင် သူ၏ဦးလေးနှင့် အဒေါ်ပါထိုင်နေတာကိုပင်။ ဦးလေးကတော့ လေးနက်သည့်မျက်နှာမျိုးရှိနေပီး အဒေါ်ကတော့ သူ့အကြည့်ကို လွှဲသွားသည်။ နောက်ဆုံးတော့ သူသည် အနက်ရောင်ဝတ်ထားသည့်လူဆီသို့ အကြည့်ကိုပို့လိုက်သည်။
လွန်ခဲ့သည့်လက တန်မုန့်လန်ပြောသွားတာက ချင်းချန်၏မျက်နှာ အရိပ်အယောင်လေးကို မြင်ရဖို့က ရှမုယန်ကို မြင်ရဖို့ထက်ပိုခက်ခဲသည်ဟုပင်။
အဲ့အချိန်က ရုံရှီသည် ဒီကမ္ဘာ၏သတင်းအချက်အလက်တွေကို လေ့လာပီး သူ့မှတ်ဉာဏ်ထဲကနေပီး ဒီအမျိုးသားသရုပ်ဆောင်အကြောင်း ရှာလိုက်သည်။
နဂိုပိုင်ရှင်၏မှတ်ဉာဏ်သည် ယောက်ျားလေးသရုပ်ဆောင်နှင့်ပတ်သတ်သမျှ ဘာအကြောင်းမှမရှိပဲ အကုန်လုံးက နာမည်ကျော်မိန်းမသရုပ်ဆောင်များသာ။ သူမှတ်ထားသည် ယောက်ျားသရုပ်ဆောင်အနည်းငယ်ကတော့ ရုပ်ရှင်လောက၏ဧကရာဇ်တစ်ချို့မဟုတ်ပဲ အဲ့အစား ကျုံးယိနှင့် သူ့သူငယ်ချင်းတွေဖြစ်သည့် တတိယအဆင့်သရုပ်ဆောင်တွေသာဖြစ်သည်။
ချင်းချန်၏ကိုယ်ပိုင်အချက်အလက်တွေကို ရုံရှီမြင်လိုက်သည့်အခါမှာတော့ သူသည် ရုတ်တရပ် ရည်ရွယ်ချက်တစ်ခုရသွားသည်။
ချင်းချန် အသက်၁၆နှစ်တွင် ပွဲဦးထွက်တုန်းက သူသည် တကယ့်ကိုအရွယ်ကောင်းရောက်သည့်အခါမှာပဲ သေသွားသည့် ရော့ခ်စတားတစ်ယောက်၏ဘဝအကြောင်းကို ရိုက်ကူးသည့်ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ကို ရိုက်ကူးသည့်ဒါရိုက်တာသည် ဟွားရှအင်တာတိန်းမန့်၏ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်ပီး ထိုရုပ်ရှင်ကိုပြသသည့်အခါမှာတော့ box officeတွင် ၆ဘီလီယံကို အသာလေးရသွားနိုင်ပီး box officeက အနုပညာရုပ်ရှင်တော်တော်များကို ကျော်လွန်သွားသည်လေ။ နောက်တော့ ထိုတစ်နှစ်ထဲမှာပဲ ချင်းချန်သည် တရုတ်၏ Golden Phoenix Award ၊ ဘာလင်၏ Golden Bear Awardတို့ကို ဆွတ်ခူးရရှိပီး ဟောလိဝုဒ်ရဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင် အော်စကာဆုတွင် စကာတင်စာရင်းဝင်ခဲ့သည်။